15.လျှို့ဝှက်ကြံစည် အ​ကောက်ကြံ

4.1K 499 1
                                    

ပထမသခင်မက သူမ၏ဖူအန်ယွမ်အ​ဆောင်ဆီသို့ပြန်ရောက်လာတဲ့အခါ တိတ်ဆိတ်စွာထိုင်ပြီး သူမရဲ့လက်ဖက်ရည်ကို စိတ်မချမ်းသာစွာသောက်လိုက်သည်။

"လီဝေ့ရန်ဆိုတဲ့ အရိုင်းအစိုင်း​မလေး! သူမက ပိုတောင်အတင့်ရဲလာတယ်။ သူမက ဘယ်လိုများ မေ​မေ့ကို အတိုက်အခံလုပ်ဝံ့တာလဲ!" 

လီချန်းရှီက မကျေနပ်ချက်​တွေပြည့်​နေပြီး စိတ်မရှည်စွာအော်ဟစ်လိုက်တယ်။

ပထမသခင်မသည် သူမ၏မျက်လုံးထောင့်စောင်းက​နေ လီချန်းရှီကိုပင့်ကြည့်သော်လည်း ဘာမှမပြောပေ။

"ပဉ္စမညီမ​လေး၊ တတိယညီမအကြောင်း ညီမ​လေးဘယ်လိုပြောလိုက်တာလဲ။ ဒါက အလွန်မလေးစားရာကျတယ်​လေကွယ်”

လီချန်းလဲ့က သူမ၏မျက်ခုံးများကိုပင့်တင်လိုက်သည်။ သူမ၏စိတ်ထဲတွင်လည်း လီဝေ့ရန်ကို သင်ခန်းစာတစ်ခု၊ နှစ်ခုလောက် ပေးသင့်သည်ဟုထင်သော်လည်း အခြားသူများရှေ့တွင်မူ သူမ၏ကြင်နာသနားတတ်သော နူးညံ့တဲ့ပုံရိပ်ကိုကာကွယ်ချင်သေးသည်။

လီချန်းရှီက ဒေါသတကြီးနှင့်

"မမကြီး၊ မေမေက သူမရဲ့နောက်ခံအ​ကြောင်းကိုစုံစမ်းဖို့ အစ်မကိုပြောဖူးတယ်မဟုတ်လား။ ပြော​တော့ သူမကအရည်အချင်းမရှိတဲ့ သူရဲဘောကြောင်လေးဆိုပြီး၊ အခုသူမကို ကြည့်စမ်းပါဦး။ သူမက လိမ္မာပါးနပ်ရုံတင်မကဘဲ င​ကြောက်လုံးလုံး​တောင်မဟုတ်ပြန်ဘူး။ စုံစမ်းထားတာနဲ့တစ်ခုမှလည်းမတူဘူး”

ပထမသခင်မသည် ချန်းရှီကိုဒေါသတကြီးနှင့် ကြည့်လိုက်ပြီး

"ချန်းရှီ၊ မင်းဘာတွေတွေးနေတာလဲ?" ဟုမေးလိုက်သည်။

ချန်းရှီက ပထမသခင်မကိုကြည့်ပြီးနူးနူးညံ့ညံ့နဲ့ပြန်ဖြေသည်က

"မေ​မေ၊ သမီးမြင်ရတဲ့အတိုင်းဆို နောက်ဆုံးတော့ သမီးတို့စေလွှတ်ခဲ့တဲ့အ​စေခံက သူမအရည်အချင်းတွေကိုပြဖို့အချိန်တန်ပြီမလား"

ပထမသခင်မသည် ခဏတာရပ်တန့်​နေပြီးမှ ကျယ်လောင်စွာရယ်မောလိုက်သည်။ 

"မင်း မှန်တယ်"

ချန်းရှီ၏မျက်လုံးများမှ အမူအရာသည် အေးစက်သောအသွင်သို့ပြောင်းသွားသည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now