73.2.လျှို့ဝှက်​သောဇာစ်မြစ်သရုပ်မှန်

3.9K 634 102
                                    

ထိုအချိန်တွင် လီ​ဝေ့ရန်သည်အလွန်စိတ်ပူပန်မိသွားသည်။

ပြတင်းပေါက်ပေါ်သို့ မိုးတစ်​ဖျောက်​ဖျောက်ကျသံသည် အခန်း၏လေထုအ​ငွေ့အသက်ကိုပိုမိုအသက်ဝင်လာ​​နေစေသည်။

သတ်မှတ်ထားသောဆေးတစ်ပန်းကန်လုံးကိုကျွေးပြီးသွားသောအခါ သမား​တော်၏အင်္ကျီစသည် ချွေးများဖြင့်စိုစွတ်လာသည်ပင်။ ယ​​နေ့သူသည် အန္တရာယ်များသောခြေလှမ်းကိုလှမ်းလိုက်မိသည်။ ဤချောမောခန့်ညားသောကောင်လေးသာမရှင်သန်နိုင်လျှင်၊ သူသည်လည်းအသက်ဆုံးရှုံးရလိမ့်မည်ဖြစ်သည်။

လီဝေ့ရန်သည် ဘေးမှစောင်ကိုယူ၍ လီမင်တိ၏ ခါးပေါ်သို့ငြင်ငြင်သာသာတင်ထား​ပေးလိုက်သည်။ လီမင်တိကမျက်လုံးများကိုမှိတ်ထားလျက်​တောင် သူ့မျက်ခုံးများကတွန့်လိမ်လာပြီးနဖူးကချွေးများဖြင့်စိုစွတ်လာသည်။

ဒါကအလွန်နာကျင်ရမှာပဲ။ လီဝေ့ရန်သည်စိတ်မ​ကောင်းဖြစ်​နေမိပြီး အစေခံ၏လက်ပေါ်ရှိလက်ကိုင်ပုဝါကိုယူ၍ သူ၏မျက်နှာကိုငြင်ငြင်သာသာသုတ်ပေးလိုက်သည်။ သူမက ဂရုတစိုက်သတိထားပြီး သုတ်​​ပေးသော်လည်းလီမင်တိ၏ ကိုယ်သည်တုန်တက်သွားသည်။

မီးခိုးရောင်ဝတ်ထားသောလူက တီးတိုး​မေးသည်။

"ဘယ်လိုလဲ? "

"နေထွက်တဲ့အထိသာ သူအသက်ရှင်နိုင်မယ်ဆိုရင်သူစိုးရိမ်စရာမရှိ​တော့ပါဘူး"

သမား​တော်ကသူ့ချွေးတွေကိုသုတ်လိုက်ပြီး

"အောင်မြင်မလား မအောင်မြင်ဘူးလားဆိုတာဒီပေါ်မှာပဲမူတည်တယ်"

"ဖြစ်နိုင်ခြေကဘယ်လိုရှိလဲ?"

မီးခိုးရောင်ဝတ်စုံနှင့်လူက ထပ်မမေးပဲမ​နေနိုင်ဖြစ်​နေသည်။

နာရီဝက်တစ်ခါတိုင်းမှာ ဒီလူကထပ်မေးနေ​သည်။ သမား​တော်ကထပ်ခါတလဲလဲမေးခံရသဖြင့် သူ၏စိတ်ကပိုပိုပြီးစိုးရိမ်လာတယ်။ သူ့စိတ်ထဲမှာတော့သူကယုံကြည်မှုအပြည့်အဝမရှိပေမယ့် သူကပြောဖို့မဝံ့သဖြင့် ဟုတ်ကဲ့ဟုသာပြန်ပြောနိုင်သည်။

ထိုအချိန်တွင် လီမင်တိ၏မျက်ဝန်းများကရုတ်တရက်ပွင့်လာပြီးနောက် လီ​ဝေ့ရန်ကိုကြည့်လိုက်ပြီး သူ၏နာကျင်မှုအရိပ်အ​ယောင်မျက်ဝန်းများသည်ခဏတာပျောက်ကွယ်သွားပြီးမီးခိုးရောင်ဖြင့်ထိုလူအား

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now