80.2.ပြုသမျှတန်ပြန်​သက်​ရောက်

3.6K 564 25
                                    

နောက်တစ်နေ့နံနက်တွင် လီဝေ့ရန်အား သခင်မကြီးမှ ဟယ်ရှင်းယွမ်အ​ဆောင်သို့ လာရန်ဖိတ်ကြားခဲ့သည်။

ဘယ်အချိန်တိုင်းမဆို လူတိုင်းအတွက် အရာရာကအဆင်​ပြေချောချောမွေ့မွေ့ဖြစ်မြောက်တယ်ဆိုတာမရှိပါဘူး။ လီ​ဝေ့ရန်က ကိစ္စ​တော်​တော်များများကိုသူမရဲ့ ထိန်းချုပ်မှုအောက်မှာ ထားရှိနေနိုင်ပေမယ့်လည်း သူမကိုပစ်မှတ်ထားနေတဲ့ မရေမတွက်နိုင်သော ပြဿနာတွေကလည်း ရှိနေပါသေးတယ်။ ပထမသခင်မက ဖျား​နေရင်းနှင့်​တောင် ခန်းမ​ဆောင်ကြီးမှာထိုင်နေတာကို တွေ့လိုက်ရတော့ လီ​ဝေ့ရန်က ရိုသေလေးစားသောအပြုံးလေးဖြင့်

"မေ​မေလည်း ဒီကို​ရောက်​နေတာပဲ မေ​မေနေလို့ကောင်းပါ့ရဲ့လား?"

ပထမသခင်မကအပြုံး​လေးဖြင့်

"သမား​တော်​ပေးတဲ့ဆေးကို ငါသောက်ပြီးပြီပေမယ့် တိုးတက်မှုကမရှိသေးဘူး။ အမ​လေး၊ ငါ့ခန္ဓာကိုယ်က အမြဲတမ်းအားနည်းနေတော့လည်း မတတ်သာဘူးပေါ့​လေ"

ပထမသခင်မသည် သူမ၏ကြံ့ခိုင်သော မျက်နှာပုံရိပ်အား ထိန်းသိမ်းလိုသောလူဖြစ်တာ​ကြောင့် ယခုအခါသူမ၏ပျော့ညံ့သောဘက်ကို လူများမြင်စေရန်ဆန္ဒရှိနေတော့ ထူးဆန်းသည်ဟု သတိထားမိသည်။

အမှန်တကယ်ကတော့ မနေ့ညနေက ကျောင်းနယ်စားက​တော်ကြီးသည်လီ​ရှောင်ရန်အား စကားစမြည်​ပြောဖို့အတွက်ဖိတ်​​ခေါ်ခဲ့သည်။ ယောက္ခမဖြစ်သူက သူ့သားမက်ကို ဖိတ်ခေါ်စကားဆိုတာကသာမန်ကိစ္စဖြစ်​ပေမယ့် သူမကအရှိန်အဝါကိုသုံးပြီး လီချန်းလဲ့အားပြန်ခေါ်လာခွင့်ပြုရန် သူ့ကိုဖိအားပေးရန်ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ သို့သော် လီ​ရှောင်ရန်သည် ပြည်နယ်အရေးကိစ္စများကို အကြောင်းပြကာ ဖိတ်ကြားမှုကိုငြင်းပယ်လိုက်သဖြင့် နယ်စားက​တော်ကြီးက နောက်ထပ်ဘာမှကိုမလုပ်နိုင်တော့သလိုဖြစ်သွားသည်။ သူမ၏အဆင့်အတန်းနှင့်အသက်အရွယ်အရ သူမကို ကိုယ်တိုင်လာတောင်းပန်ရန် အမှန်တကယ် မျှော်လင့်နေကြတာလား​ပေါ့ဟုထင်မှတ်စရာရှိသည်။ ဒီကိစ္စကိုကြည့်ခြင်းဖြင့် လီရှောင်ရန်သည်လွန်ခဲ့သော၁၀နှစ်ကလိုမျိုး သိမ်မွေ့နိမ့်ကျသောအရာရှိမဟုတ်တော့ကြောင်းကို ပထမသခင်မက သတိမူမိသွားသည်။ သူသည် လွန်ခဲ့သော၁၀နှစ်ကတည်းက ကျောင်းမျိုးနွယ်များကို ဆန့်ကျင်ရန်ကြံရွယ်ထားပြီးသားဖြစ်ကောင်းဖြစ်နိုင်သော်လည်း ယခုအခါမှသာသူ၏ဇာတိသရုပ်မှန်ကို ပြသနေပြီဖြစ်သည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now