11.ပေါ့ပါး​သောအပြစ်ဒဏ်ဖြင့် သတိ​ပေး

4.2K 512 5
                                    

လီ​​ရှောင်ရန်သည် အသက်သိပ်မကြီး​သေး​ပေ။ သူ၏ဆံပင်သည် နက်​မှောင်ပြီးမြင့်မြင့်ထုံးထားကာ အရာရှိဦးထုပ်အဝါ​ရောင်ကိုဆောင်းထားသည်။ ဆံပင်အောက်၌ကျယ်ပြန့်​သောနဖူးနှင့်ရှည်လျားသောမျက်ခုံး၊ တင်းမာစွာကြည့်နေသောမျက်ဝန်းတစ်စုံနှင့် သူ့ပါးစပ်ကိုအနည်းငယ်​​စေ့ထားပုံမှာအလွန်တည်ကြည်​သည်။ လီ​ဝေ့ရန်သည် သူ့ကိုသက်တောင့်သက်သာရှိသောပုံစံဖြင့်ရယ်မောသည်ကိုတွေ့ရခဲသည်။ အနည်းဆုံးတစ်ခါမှ​တောင် သူရယ်မောတာကို သူမတစ်ခါမှမမြင်ဖူးခဲ့​ပေ။

လီဝေ့ရန်သည် သူမ၏ခေါင်းကိုဖြည်းဖြည်းချင်းငုံ့လိုက်ပြီး သူမ၏မျက်ဝန်းရှိခံစားချက်များကိုဖုံးကွယ်လိုက်သည်။ သူမအ​နေနဲ့ လီ​ရှောင်ရန်၏ အသံကိုနောက်ဆုံးကြားခဲ့မိတာက ဘယ်နှစ်နှစ်​တောင်ရှိပြီလဲပဲ။

ထိုအချိန်မှာပဲ ပထမသခင်မဖြစ်သည့်​ကျောင်းရှီ ၏စိုးရိမ်ပူပန်သံကထွက်​ပေါ်လာသည်။

"ချန်းလဲ့၊ သမီးဘာဖြစ်သွားရတာလဲ?"

တစ်ချိန်တည်းမှာပင် သူမသည် လီချန်းလဲ့ကိုသူမ၏အနီးသို့ဆွဲလိုက်ပြီး သမီးဖြစ်သူတွင်တစ်ခုခုမှားယွင်းမှုရှိမရှိကိုစိုးရိမ်ကာ ခေါင်းစ​ခြေဆုံးအထိသေသေချာချာစစ်ဆေးလိုက်သည်။ သူမ၏မျက်လုံးများတွင်ဖြစ်​ပေါ်​နေ​​သော စိတ်မချမ်းမသာမှုနှင့် စိုးရိမ်မှုများကို​တော့မဖုံးကွယ်ထားနိုင်ချေ။

လီချန်းလဲ့၏မျက်လုံးများသည် နီရဲလာပြီး သနားစရာကောင်း​ပုံ​ပေါက်​နေသည်။ သူမက ​ကျောင်းရှီရဲ့အ၀တ်တွေကိုဆွဲပြီး

"​မေမေ၊ အရမ်းအေးတာပဲ"

​ကျောင်းရှီသည် သူမ၏ဝတ်ရုံခြုံထည်ကိုအလျင်အမြန်ဖယ်ရှားလိုက်ပြီး လီချန်းလဲ့၏ ကိုယ်​ပေါ်၌လွှမ်းခြုံ​ပေးလိုက်သည်။ ချန်းလဲ့ရဲ့လက်တွေကိုကိုင်ပြီးသူမက

"အိုက်ယား..၊ သမီးရဲ့လက်​လေးတွေအရမ်းအေးတာပဲ။ ဘယ်လိုဖြစ်ရတာလဲ?"

သူမကလှည့်ကြည့်လိုက်ပြီး လီဝေ့ရန်​ပေါ်တွင်မူ စူးစူးဝါးဝါးအကြည့်များရပ်သွားသည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now