82.2.ရုတ်တရက်ကြီး ရူးသွပ်

3.5K 568 59
                                    

လီ​ရှောင်ရန်သည် သူ့အားဦးညွှတ်နေသည့်လူများကိုပင်မမြင်နိုင်ဘဲ အမြန်ဆိုသလိုလမ်းလျှောက်လာသည်။ ညတွင်းချင်းပင် ဤမျှကြီးမားသော ပြောင်းလဲမှုကြီးဖြစ်သွားသည်ကို သူကမယုံကြည်နိုင်သေးပေ။ သူကအိမ်​တော်ခြံဝင်းထဲသို့ အမြန်ဝင်လာ​သောအခါ အ​စေခံများနှင့်အထိန်း​တော်တို့သည် အိမ်အတွင်းထဲရှိ​သွေးကွက်များကို သန့်ရှင်း​ရေးလုပ်ထား​သော​ဇလုံများကိုသယ်လာရင်းအကြည့်ချင်းဖလှယ်နေသည်ကိုတွေ့လိုက်ရသဖြင့် လီ​ရှောင်ရန်သည်ဖြူဖျော့သွားကာ စင်္ကြန်လမ်းတွင်လီ​ဝေ့ရန်ရပ်နေသည်ကိုမြင်​ချိန်တွင် ခြေလှမ်းအနည်းငယ်လှမ်းလာပြီး

"အခုဘာ​တွေဖြစ်နေကြတာလဲ?"

လီ​ဝေ့ရန်က သူ့ကိုကြည့်ကာတိုးတိုးလေးပြောသည်က

"​ဖေဖေ၊ အ​​ဖေ့အသံကို လျှော့လိုက်ပါဦး။ အထဲမှာ သမား​တော်က​မေ​မေ့ကို​ဆေးကုသ​ပေးနေတယ်"

လီ​ရှောင်ရန်ကမျက်မှောင်ကြုတ်ကာ စိုးရိမ်တကြီးအသံဖြင့်

"အဲ့တာကထားပါ​တော့။ ကင်းမြီးကောက်​တွေက ဘယ်က​ရောက်လာတာလဲ"

လီ​ဝေ့ရန်ကသက်ပြင်းချရင်း

"အဲ့ဒါ​တွေက ​မေ​မေ့ရဲ့ဆေးဖက်ဝင်အမယ်ပစ္စည်း​တွေပါ။ အဖိုးတန်အဆိပ်ပြင်းတဲ့ကင်းမြီးကောက်တွေကို တောင်အရပ်ကနေ​သယ်ယူလာခဲ့တာ။ ဘယ်သူကများ သတိလက်လွတ်ပြီးမီးဖိုချောင်ထဲကကင်းမြီးကောက်​တွေကို လွှတ်လိုက်လဲမသိပါဘူး။ ရေပူစမ်းရေကန်ထဲမှာ ကင်းမြီးကောက်တွေကို ဆွဲဆောင်နိုင်တဲ့ အရာတစ်ခုခုများရှိကောင်းရှိမယ်မ​ပြောတတ်ဘူး ကင်းမြီးကောက်​တွေက ပူ​နေတဲ့​ရေပူစမ်းရေကန်ထဲကိုခုန်ဆင်းသွား​တော့တာပဲ။ အဲ့အချိန်မှာ ပဉ္စမညီမ​လေးက ရေချိုးနေပြီး​တော့ သူမရဲ့အ​စေခံကလည်းအဲ့​နေရာမှာ​စောင့်ကြပ်​နေတဲ့အချိန်နဲ့ကြုံကြိုက်​သွားတော့ အ​စေခံလည်းကင်းမြီးကောက်ကိုက်လို့​သေသွား​တာ​ကြောင့် ပဉ္စမညီမ​လေးလည်း ထိတ်လန့်တုန်လှုပ်သွားပြီး အဝတ်မဝတ်ရ​သေးတာကိုသတိမရပဲ အော်ဟစ်ပါ​လေ​ရော်။ အဲ့အသံကို ညဘက်လှည့်ကင်းတာဝန်ယူတဲ့ အထိန်း​တော်​ကကြားလိုက်ရ​တော့ ချက်ချင်းပဲအပြင်ဘက်မှာ​စောင့်ကြပ်​နေတဲ့အ​စောင့်​တွေဆီကိုသတင်းပို့လိုက်တာနဲ့ သူတို့​​တွေကလည်းတွေးတောင်မတွေးဘဲ ရေချိုး​ဆောင်ထဲကို အမြန်ပြေးသွားကြတာများ စုစု​ပေါင်းယောက်ျား​လေး၇ယောက် ၈ယောက်​လောက်​ရှိမယ်ထင်တယ်။ အဖေပဲစဉ်းစားကြည့်ပါ​တော့။ ပဉ္စမညီမ​လေးလိုမိန်းကလေးတစ်​ယောက်က ဒီလို ရုတ်တရက်ဆန်တဲ့အဖြစ်အပျက်ကိုဘယ်လိုလုပ်ခံနိုင်ရည်ရှိပါ့မလဲ? ​သေချာ​ပေါက်ကို သူမ​လေးက ​မူး​​မေ့လဲသွားတာ​ပေါ့"

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now