13.သူတစ်ပါးအာဏာဖြင့် တန်ပြန်တုံ့ပြန်

4K 515 1
                                    

​သခင်မကြီးသာ သူမ၏လက်ဖက်ရည်ကိုသောက်လိုက်မိလျှင် အခြားသူတစ်ဦး​နှပ်သည့်လက်ဖက်ရည်ကို သောက်နိုင်​တော့မည် မဟုတ်ကြောင်း လီဝေ့ရန်ကယုံကြည်ချက်အပြည့်ရှိသည်။ ​​ထော့ပါကျန်းသည် လက်ဖက်ရည်ကိုနှစ်သက်သူဖြစ်​သော​ကြောင့်၊ သူ့ကိုပျော်ရွှင်စေလိုသဖြင့် သူမသည် နာမည်ကြီးသော လက်ဖက်ရည်အ​ဖျော်ဆရာတို့ကို ရှာဖွေခဲ့ပြီး သူတို့ဆီကသင်ကြားမှုကို လက်ခံရရှိခဲ့သည်။ ၈နှစ်ကြာပြီးနောက်မှာ​တော့ သူမ၏လက်ဖက်ရည်နှပ်စွမ်းရည်သည် အလွန်သာလွန်ပြီးအခြားမည်သူမျှ မကျော်လွန်နိုင်​သော ယုံကြည်ချက်ရှိ​နေပြီဖြစ်သည်။

ပထမသခင်မက ဒီကိစ္စကိုစုံစမ်းမှာကိုလည်း သူမက မကြောက်ပါဘူး။ ဖိင်ချန်ရှိလီအိမ်​တော်၏သခင်မ​လေးများအားလုံးသည် လက်ဖက်ရည်နှပ်နည်းကိုသိကြသူများပင်။ သူမသည် ဖိင်ချန်မှာခဏနေခဲ့တာမို့ သူမရဲ့လက်ဖက်ရည်​ဖျော် ကျွမ်းကျင်မှုတိုးတက်လာတာကယုတ္တိရှိတယ်​လေ။

ထင်သည့်အတိုင်းပင် မန်ရှီသည် လက်ဖက်ရည်ကိုလွန်စွာကျေနပ်​နေသည်။ ပိုနွေးထွေးလာတဲ့အပြုံးနဲ့ဝေ့ရန်ကို သူမကကြည့်လိုက်တယ်။

"မင်းရဲ့လက်ဖက်ရည်နှပ်တဲ့ပုံစံက တခြားသူတွေနဲ့မတူဘူး။ မင်းရဲ့လက်ဖက်ရည်​ဖျော် ကျွမ်းကျင်မှုကို ဘယ်မှာသင်ယူခဲ့တာလဲ"

ယခင်ဘဝတွင်မူသူမသည် ၂လပိုင်းတွင်မွေးဖွားခဲ့သော ကိုယ်​လုပ်​တော်၏သမီးဖြစ်သောကြောင့် သူမ၏အမူအကျင့်နှင့် အပြောအဆိုကိုအလွန်ပင်သတိထားခဲ့ရသည်။ အချိန်တိုင်းတွင် သူမသည် ထောင့်တစ်နေရာမှာပဲတိတ်ဆိတ်စွာထိုင်နေပြီး ​သခင်မကြီးနှင့် အမြဲ​ထွေရာ​လေးပါးစကားပြောလေ့မရှိပေ။ သို့သော် ယခုသူမသည် အရင်လိုမဟုတ်တော့ဘူး​လေ။ သူမက

"​ဘွားဘွား၊ သမီးက ဖိင်ချန်မှာ​နေတုန်းက သူတို့က တုန်းအိမ်​တော်ရဲ့မင်းက​တော်စန်းကို ဖိတ်​ခေါ်ပြီး သခင်မ​လေးတွေအ​နေနဲ့ လက်ဖက်ရည်ကို ဘယ်လို​ဖျော်ရမလဲဆိုတာကို သင်ယူ​စေခဲ့တယ်။ ရလဒ်အနေနဲ့ သမီးလည်းပါဝင်​ခဲ့ပြီး အတတ်ပညာအချို့ကို သင်ယူခဲ့တာပါ။ ဒါပေမယ့် သမီးကအခုမှသင်ယူ​လေ့လာ​နေဆဲပါ"

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now