28.လူ​ပွေလူရှုပ်​ကောင်

4K 457 10
                                    

လီဝေ့ရန်သည် သူ၏မျက်ဝန်းများတွင် သူမကိုမခွဲခွာချင်သော တမ်းတမှုတစ်မျိုးကိုခံစားမိ​သော​ကြောင့် လီမင်တိကိုသ​ဘောကျ​နေမိသည်။  တတိယသခင်မက သူရဲ့မွေးစားအမေဖြစ်ပြီး သူ့ကို သူမ၏သားအစစ်အဖြစ် သဘောထားသော်လည်း သူမ၏ပင်ကိုယ်စရိုက်ကပင်​ အေးတိ​အေးစက်ဖြစ်​သော​ကြောင့် လီမင်တိသည်အလွန်အထီးကျန်ဆန်နေရသည်။

ဥယျာဉ်၏နွေစံအိမ်​တော်ဝင်းတွင် လီဝေ့ရန်သည် သူမ၏ရွာတွင်ကြုံ​တွေ့ရ​သော ဘ၀ ဇာတ်လမ်းများအား သူ့ကိုပြန်ပြောပြမိသည်။ သူမရဲ့ဘောင်းဘီကိုခေါက်ပြီး ​ရေထဲသို့ဆင်းကာ တော ဘဲဥတွေကို​ သွားကောက်သည့်အချိန်အကြောင်းကို သူ့အားပြောပြ​နေတယ်။ အဲဒီနောက်သူမကရေကန်စပ်မှာ မီးဖိုပြီး ဥတွေကိုသဲပူထဲမှာဖုံးအုပ်မယ်ဆိုတဲ့အ​ကြောင်းကို​ရော​ပေါ့။ နောက်​တော့ သူမက ဘာမှမကျန်မချင်းအကုန်လုံးကို တစ်ခုချင်းစီကိုက်စားပစ်မည့်အ​ကြောင်းကိုပင်​ပြောပြလိုက်သည်။

လီမင်တိက သိချင်စိတ်ဆန္ဒပြင်းနေသောမျက်လုံးများဖြင့် ဂရုတစိုက်နားထောင်​နေသည်။

အမတ်ချုပ်ကြီးအိမ်​တော်တွင် နေထိုင်သဖြင့် သူသည် ဤကဲ့သို့သောအရာမျိုးကိုမကြုံဖူး​ပေ။  သူသည် ဘဝသစ်တစ်ခုဟုခံစားမိရုံသာမက ဝေ့ရန်၏ပြောပြမှုတွင် လွတ်လပ်မှုကိုပါမြည်းစမ်းနိုင်သလိုပင်။

သူက တစ်ဖျတ်ဖျတ်ပင်မျက်​တောင်ခတ်ပြီး

"တတိယမမ၊ တစ်​နေ့​နေ့​ရောက်ရင် မမအရင်တုန်းကနေတဲ့နေရာကို ကျွန်​တော်သွားကြည့်ချင်တယ်"

လီဝေ့ရန်က သူ့အတောင်တွေကိုဘယ်လောက်ထိဖြန့်ပြီး ပျံဝဲချင်​နေလဲဆိုတာကို​ဖော်ပြ​နေတဲ့မျက်ဝန်း​တွေကိုကြည့်ရင်း ရယ်ရယ်မောမောနဲ့

"အမိုက်ကလေး၊ အဲ့​နေရာက မင်းသွားကစားနိုင်တဲ့နေရာမဟုတ်ဘူး"

လီမင်တိသည် ခေါင်းကိုမော့လိုက်ပြီး လီ​ဝေ့ရန် ကိုကြည့်လိုက်သည်။ နေရောင်အောက်တွင်သူမ၏မျက်နှာ​လေးသည် ကြည်လင်သောနွေဦး၏ကောင်းကင်ကဲ့သို့ငယ်ရွယ်နုပျို​နေသည်။ သို့သော် ထိုမျက်ဝန်းနက်များတွင်မူ သူမကပျော်ရွှင်​နေလား ဝမ်းနည်း​နေလားကို ပြောရန်ခက်သည်။ ဖတ်ကြည့်ရန် အလွန်ရှုပ်ထွေးသောမျက်ဝန်းတစ်စုံပင်။ ဒီတတိယအစ်မသည် အခြားသူများနှင့် လုံးဝမတူဟု လီမင်တိက သူ့ဘာသာသူစဉ်းစားမိသည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now