49.လူတိုင်းမှာ ရည်ရွယ်ချက်ကိုယ်စီ

3.7K 496 11
                                    

ပထမသခင်မကပြုံးရင်း ဇ​ဝေဇဝါဖြင့်

“တကယ်တော့ မင်းအဖေက သူ့မျှော်လင့်ချက်တွေကိုစွန့်ပစ်မှာ မဟုတ်ဘူး။ အစီအစဉ်က ကျရူံးမှုတစ်ခု​မရှိပဲနဲ့​တော့ အောင်မြင်ပြီးဆုံးမှာမဟုတ်ဘူး။ အစီအစဥ်က ဆက်တိုက်ဖြစ်​နေမှာ ဆိုပေမယ့် ခြားနားသွားမယ့်တစ်ခုက အဲဒါကိုလုပ်ဆောင်နိုင်တဲ့သူပဲ။ မင်းမလုပ်နိုင်ဘူးဆိုရင်​တောင် ချန်း​ရှောင်နဲ့ချန်းရှီတို့ ရှိသေးတယ်။ သူတို့ မအောင်မြင်ရင်လည်း ဒုတိယအိမ်​တော်ရဲ့ ချန်းယွိ ရှိနေတယ်။ ဥာဏ်​ကောင်းပြီး ထက်မြက်​နေတဲ့ လီ​ဝေ့ရန်ဆို ​ပြောစရာ​တောင်မလိုဘူး။ သူတို့တွေက ကိုယ်လုပ်​တော်​တွေရဲ့​က​လေး​တွေပဲဖြစ်​နေရင်​တောင် ဒါကအမည်ခံသက်သက်ပဲ။ ဆုံးဖြတ်ပိုင်ခွင့်က မင်းအဖေရဲ့လက်ထဲမှာပဲရှိနေတာ ”

လီချန်းလဲ့၏လက်ချောင်း​လေးများသည် သူမ၏နှလုံးသားက ထိတ်လန့်လာ​သော​ကြောင့် ကတုန်ကယင် ဖြစ်သွားသည်။

ပထမသခင်မသည် ချန်းလဲ့လန့်သွားသည်ကို သတိပြုမိသဖြင့် သူမကို ထပ်မ​ခြောက်လန့်​ရန် မလိုအပ်​တော့ဘူးဟု ဆုံးဖြတ်ရင်း

“မင်းကို အမှန်အတိုင်းပြောရရင် ချန်း​ရှောင်ဖြစ်ဖြစ် ချန်းရှီဖြစ်ဖြစ် ဒါမှမဟုတ် အခြားဘယ်သူဖြစ်ဖြစ် သူတို့​တွေက လီမိသားစုအတွက် အရင်မလှုပ်ရှားခင် ရေကိုစမ်းသပ်ဖို့ ကျောက်တုံးတွေသာသာပဲ။ သူတို့အရွယ်​ရောက်လာရင် သူတို့ကပိုအသုံးဝင်လာလိမ့်မယ်။ ဒါပေမယ့် အဆုံးမှာတော့သူတို့အကုန်လုံးက မင်းအတွက်လမ်းခင်းဖို့သုံးတဲ့ကျောက်တုံးတွေပဲ။ မင်းနားလည်ပြီလား? အဲဒါကြောင့်မင်းက ဘာအမှားမှလုပ်လို့မဖြစ်ဘူး။ အထူးသဖြင့် မင်းရဲ့အစ်ကိုကြီးကို ပါဝင်ပတ်သတ်​​စေပြီး မင်းနဲ့အတူတူ ဆွဲချ​စေလို့မဖြစ်ဘူး"

လီချန်းလဲ့၏မျက်ဝန်းများတွင် မျက်ရည်များကပြည့်လျှံနေပုံပင်။ ဖယောင်းတိုင်မီးအောက်၌ မျက်ရည်များက နှစ်သက်ဖွယ်​ကောင်းပြီး စိတ်နှလုံးကိုအရည်​​ပျော်​စေနိုင်သည်ပင်။

"​မေမေ"

ပထမသခင်မက ချန်းလဲ့၏လက်ကို ညင်ညင်သာသာပုတ်လိုက်ရင်း

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now