117.ရွှေခန်းမ​ဆောင်တွင် ထိပ်တိုက်​တွေ့

3.3K 419 48
                                    

ဧကရီသည် လီဝေ့ရန်အား အရန်ခန်းမ​ဆောင်တွင် တွေ့ဆုံခဲ့ပြီး၊ ဤတွေ့ဆုံမှုသည် လီဝေ့ရန်၏မျှော်မှန်းချက်ထက် သိသိသာသာပင် ​ကျော်လွန်​နေသည်။

​ဘေး၂ဘက်စလုံးတွင် အစိမ်းရောင်ဘရိုကိတ်ပိုးထည်၀တ်စုံ ၀တ်ဆင်ထားသော မိန်းမစိုး ဆယ်ဂဏန်း​လောက်သည် လက်ယှက်လျက် လေးနက်တည်ကြည်စွာရပ်နေ၏။ လီ​ဝေ့ရန်သည် အေးအေးလူလူဖြင့်သာ သူတို့၏အ​ရှေ့က​နေ ချွတ်နင်းလမ်းလျှောက်လာရင်း မွှေးရနံ့တစ်မျိုးနှင့်ပြည့်နေသော နန်းမ​ဆောင်ကြီးကို​ရောက်​တော့သည်။ သူမသည် နန်းတော်ထဲတွင် တစ်ချိန်ကနေထိုင်ဖူးသူဖြစ်သဖြင့် ဗုဒ္ဓကိုအချိန်အတော်ကြာ ဆုတောင်းဖူးသူထံမှ စန္ဒကူးနံ့သာနံ့ဖြစ်မှန်းသိသည်။ လီဝေ့ရန်အတွက်ကတော့ ဒီဧကရီအ​ကြောင်းကို အနည်းငယ်သိတယ်။ ဧကရီသည် ဗုဒ္ဓလမ်းစဥ်ကို အချိန်အတော်ကြာအောင် လိုက်နာခဲ့သူဖြစ်သော်လည်း ကြင်နာသူဟု မဆိုလို​နိုင်ပေ။

လီဝေ့ရန်သည် မော်မကြည့်ဘဲ ဂါရဝပြုရင်း ဦးညွှတ်ပြီးနောက် မျက်လုံးနှစ်ဖက်စလုံးကို မလှုပ်မယှက်ကြမ်းပြင်​အောက်သို့​အောက်ချထား၍

"သစ္စာရှိငယ်သားရဲ့သမီးဝေ့ရန်က ဧကရီအရှင်မယ်မယ်ကို နှုတ်ခွန်းဆက်သ​ကြောင်းပါ"

“ခေါင်းကိုမော့” 

ဂုဏ်သိက္ခာရှိသော အမျိုးသမီး၏အသံသည် သူမ၏နားထဲသို့ တိုးဝင်လာသည်။ ဤအသံသည် အလွန်သန့်စင်ပြီး အေးခဲလွန်းလှသည့် ကျောက်စိမ်းအေးကဲ့သို့ပင်။

လီ​ဝေ့ရန်က သူမ၏ခေါင်းကိုမော့လိုက်သည်။ ဧကရီသည် အသက်၄၀ကျော်ရှိပြီး သူမ၏ အရပ်အမောင်းကခပ်သေးသေးဆို​ပေမယ့် အေးစက်စက်အထက်စီးဆန်ကာ ကျန်းတိ​ဖေးမိဖုရားကြီး၊ ​ယွေ့မိဖုရားကြီးနှင့် အခြားသူများဖြင့် နှိုင်းယှဥ်ကြည့်လျှင် ရုပ်ရည်ကသာမန်ဟုယူဆနိုင်သည်။ ဒါမှမဟုတ် လီဝေ့ရန်က သူမနဲ့တွေ့တဲ့အခါတိုင်း သူမရဲ့မိတ်ကပ်လိမ်းခြယ်မှုက ထူထဲလွန်းတယ်လို့ အမြဲလိုလို ခံစားမိရတယ်။ ဒီနေ့လည်း ဒီလိုပါပဲ။ ငယ်သားတစ်​ယောက်ရဲ့ သမီးနဲ့တွေ့တာကို သူမက ဇာမဏီ၉မြီးဆံထိုးကို ​ရွှေစင်စစ်လည်ဆွဲနဲ့ ပနံရ​အောင် ၀တ်ဆင်ထားတယ်။ စကားပြောတဲ့အခါ လည်ဆွဲက အသံသဲ့သဲ့ထွက်​နေသည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now