46.ဒူး​ထောက်ရင်း ​နောင်တရ

3.8K 543 15
                                    

ဤမျှ ကြီးမားသောအခန်းကျယ်တွင် အဆုံး​တော့ ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်သွားခဲ့ရသည်။

မင်းရဲ့ကိုယ်ပိုင်အာဏာကိုသုံးပြီး တခြားသူတွေကို ထိပ်တိုက်​တွေ့ချင်​တယ်​ပေါ့​လေ? ​ထော့ပါကျန်း၏မျက်ဝန်းထဲတွင် သ​ရော်ချင်​သော အရိပ်အယောင်ကဖြတ်သန်းသွားသည်။

ထိုအခိုက်အတန့်တွင်တစ်ဖက်မှ လီဝေ့ရန်သည်သွေးအေးသော မျက်ဝန်းများဖြင့် ရှင်းရှင်းလင်းလင်း ကြည့်လိုက်ပြီး သူမ၏ ခြေထောက်များ ဖြတ်တောက်ခံရသည့် နာကျင်ရ​သောအချိန်များကို ရုတ်တရက် မမျှော်လင့်ဘဲ​တွေးမိပြီး နာကျင်ခံစားလိုက်ရသည်။ ဘယ်အချိန်ပဲ​ရောက်​ရောက် သူမအတွက် သူမသာတိုက်ခိုက်ရမည်ပင်။

"တတိယ မမက လိမ်မှာမဟုတ်ဘူး"

ဤအချိန်တွင် လက်တစ်ဖက်သည် ရုတ်တရက် ဆန့်တန်းလာပြီး ဝတ်ရုံလက်​ပေါ်က​နေ သူမ၏လက်ကို ဆုပ်ကိုင်လာသည်။

လီဝေ့ရန်၏တစ်ကိုယ်လုံးကတုန်လှုပ်သွားသည်။

သူမ၏လက်ကို ဆုပ်ကိုင်ထားရာဘက်သို့ သူမ​ခေါင်းလှည့်ကြည့်​သောအခါ တောက်ပပြီး လှပသောနေရောင်ခြည်​အောက်တွင် လီမင်တိ၏ မျက်ဝန်းနှစ်စုံသည် ကြယ်ကဲ့သို့တောက်ပနေပြီးတည်ကြည်​လေးနက်သော အကြည့်တွင် ယုံကြည်မှုအပြည့်ကထင်ဟပ်လျက်။

ဒီသတင်းကြားရရချင်းမှာပဲ ဒီ​ကောင်​လေးက နဖူးက​နေကြည်လင်တဲ့ ချွေးတွေအပြည့်ထွက်​တဲ့အထိ သူမဆီကို အမြန်ပြေးလာခဲ့ပုံပဲ။

ဒါက ထူးဆန်းလိုက်တာ။ စောစောကတင် သူမက အသက်ရှူကျပ်နေသလို ခံစား​နေရတာ​လေ။

အခု​တော့ နွေးထွေးပြီး သက်တောင့်သက်သာရှိတဲ့ကယ်တင်ရှင်ရောက်လာသလိုမျိုးပဲ....

သူမက လီမင်တိရဲ့လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး​နောက် လွှတ်ချလိုက်ပြီး ​သခင်မကြီးဆီသို့ လျင်မြန်စွာသွားကာ သူမရှေ့တွင် ဒူးထောက်ရင်း

“ဘွားဘွား၊ ဝေ့ရန်ပြန်ရောက်လာပြီးတည်းက လူတိုင်းကို အမျိုးအမည်မသိတဲ့ ပြသာနာ​တွေ ဖြစ်စေမိတယ်။ ကျေးဇူးပြုပြီး ​ဘွားဘွား..သမီးကို ဖိင်ချန်ဆီပဲ ပြန်ပို့ပါ​တော့!"

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now