78.2.နတ်ဆိုးဝိညာဥ်များကိုနှင်ထုတ်

3.9K 682 76
                                    

လီ​ရွှေခန်းမ​ဆောင်

"မင်တိရဲ့လက်ရေးမူက တို့ထက်​တောင်သာလွန်သွားပြီပဲ" 

လီ​ဝေ့ရန်က သူမရဲ့နှုတ်ခမ်းထောင့်တွေကို အနည်းငယ် တစ်မူထူးစွာ​ကွေးညွှတ်လိုက်ပုံမှာ နွေဦး၏လေပြေကဲ့သို့ အပြုံးတစ်ခုအလားပင်။

လီမင်တိသည် သူမ၏မှတ်ချက်ကိုနှလုံးသားထဲတွင်စွဲမှတ်စွာဖြင့်

"တတိယမမက လက်ရေးလှရေးကျင့်တာကို နှစ်ခြိုက်တယ်​ပေါ့? မမသာကြိုက်ရင် ကျွန်​​​တော် ​လောင်ရှီကို အမြဲဖိတ်​ခေါ်​​ပေးလို့ရတယ်....”

ယခု​အချိန်တွင် လီမင်တိ၏​ဘေးမှာလူတွေပိုများလာတာကိုကြည့်ခြင်းဖြင့် မမေးကြည့်ဘဲ​တောင် လီ​ဝေ့ရန်သည် သူ၏သရုပ်မှန်အဆင့်အတန်းသည် အလွန်ထူးခြားနေသည်ဆိုတာကိုသိ​​​သည်။ တာ့လီတွင် ပေါ်လာစရာအကြောင်းမရှိသော လူများကတဝဲလည်လည်ဖြစ်​နေသည်အထိမြင်​နေရသည်မဟုတ်လား။ ဒီအကြောင်းကို သူကဘယ်တုန်းကမှ မပြောခဲ့သလို သူမကလည်းလိုက်မမေးခဲ့​ချေ။  သို့သော် သူမ အလွန်သိချင်​နေသောအရာတစ်ခုရှိ​​နေသည်ကတော့ အမှန်ပင်။ သူမလက်ထဲတွင်ရှိ​သော စွမ်လက်ရေးလှရေးစာရွက်(တရုတ်ပန်းချီ​လက်​ရေးလှ​တွေရေးဆွဲရင်အဲ့စာရွက်ကိုသုံးတာပို​ကောင်းတယ်လို့ဆိုပါတယ် rice paperလို့​ခေါ်​ပေမယ့် ဘာသာပြန်ရခက်လို့ ကြားမိတဲ့အသံထွက်စွမ်ကို​ရေးတာပါ) ကို အသာချလိုက်ပြီး ငြင်သာ​သောအသံ​လေးဖြင့်

"ပထမသခင်မရဲ့ အိမ်​တော်ခြံဝင်း.."

လီမင်တိက ခေတ္တရပ်သွားသည်။ သူကသာမန်လိုပင်

"ဪ တတိယမမက ​ဒေါ်​ကြီးရဲ့ပြင်းထန်တဲ့ ရောဂါအ​ခြေအ​နေသတင်းကို ရည်ညွှန်းချင်တာများလား?"

လီ​ဝေ့ရန်က သူ့ကိုစိုက်ကြည့်နေမိသည်။ ဘယ်အချိန်ကစတယ်ဆိုတာ သူမကမသိခဲ့​ပေမယ့် ​ဝေ့ရန်ကသူ့ကိုမကြည့်တဲ့အချိန်မှာ လီမင်တိ၏ မျက်ဝန်းများကပြောင်းလဲသွားသည်။ နှင်းခဲလိုခပ်ဖျော့ဖျော့နဲ့ သူ့ရဲ့​အေးစက်စက်အကြည့်တွေက ထာဝရအေးခဲနေတဲ့ရေခဲ​တွေလိုမျိုး သူ့ရဲ့ညင်သာစွာ​ကော့ညွှတ်နေတဲ့ မျက်လုံးထောင့်တွေကလည်း ​ကြောက်မက်ဖွယ်ရာအထီးကျန်မှုကို သယ်ဆောင်ထားသလိုပင်။ သူ၏ငယ်ဘဝနှစ်ကာလများက မသဲကွဲ​ခဲ့သောခန့်ညားမှုသည် ကြာမြှင့်စွာ ကွယ်ပျောက်သွားခဲ့ပြီး​နောက် ​အေးတိ​အေးစက်ပုံစံဆွဲဆောင်မှုသာ သူ့မှာကျန်​တော့သည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now