101.2.အိမ်ကြီးရှင်သခင်မ

2.6K 425 7
                                    

လီ​ဝေ့ရန်က သူမကို အေးတိအေးစက်ပင်တည်ငြိမ်စွာကြည့်နေသည်။ နဝမကိုယ်လုပ်​တော်သည် မူလက ရုတ်ရုတ်၊ ရုတ်ရုတ်လုပ်ချင်သော်လည်း လီ​ဝေ့ရန်၏မျက်နှာကို မြင်လိုက်ရသောအခါတွင် သူမသည် ရုတ်တရက် ကြောက်လန့်သွားရသည်။ ခဏ​လောက်​တော့ သူမကနောက်ဆုတ်ချင်သွားသော်လည်း သူမ၏ သမီးဖြစ်သူကိစ္စက စိတ်ထဲတွင်ရှိ​နေ​သော​ကြောင့် ရဲဝံ့စွာပင်

"ခုနကတင် သခင်မက လူတွေကိုလွှတ်လိုက်ပြီး ကျင်းအာ​လေးကို ခေါ်သွားပြီ!"

သတ္တမကိုယ်လုပ်​တော်သည် အလွန်အံ့အားသင့်သွားပြီး မင်ကျီကို သတိရှိရှိကြည့်ကာ စိုးရိမ်တကြီးခံစားလိုက်ရသည်။ ဒါသည် မ​မျှော်လင့်ထား​သောကိစ္စဖြစ်ပြီး လီမင်ကျီသည် လီ​ဝေ့ရန်၏​မောင်​လေးဖြစ်သောကြောင့်၊ အန်းဖိန်ဘွဲ့ရမင်းသမီးအဖြစ် သူ​လေး၏အစ်မအ​နေနှင့်ရှိ​နေ​သော​ကြောင့်သာ ​ကျောင်းယွိလန်က ကလေးကို တည့်တိုးကြီး လုယူမသွားနိုင်ခြင်းဖြစ်သည်။ သို့ပေမယ့် နဝမကိုယ်လုပ်​တော်အတွက်ကတော့ ​ကျောင်းယွိလန်က ယဉ်ကျေးသိမ်မွေ့ပြ​နေမှာ မဟုတ်ဘူး။

နဝမကိုယ်လုပ်​တော်၏မျက်နှာသည် ဖြူဖျော့လာသည်မှာ ကြွေထည်ကဲ့သို့ဖြူ​ဖွေးနေပြီး သူမမှာ ငိုရန်ခွန်အားသာရှိပုံရကာ သူမ၏မျက်ရည်များက ရေတံခွန်ကဲ့သို့စီးကျလာရသည်။ သူမက လီ​ဝေ့ရန်အရှေ့မှာ ဒူးထောက်ထိုင်ချလိုက်ပြီး မျက်ရည်စက်လက်နဲ့ တောင်းပန်အသနားခံ​တော့သည်။

"အန်းဖိန်၊ အရင်တစ်​ခေါက်က ငါ့ရဲ့အမှားပဲ။ ငါ လမ်းလွဲသွားခဲ့ရတာကြောင့် ငါ ဘာလုပ်ရမယ် မလုပ်ရဘူးဆိုတာကို ငါမသိခဲ့ဘူး။ ငါက မင်းကို​တောင် ဒုက္ခပေးဖို့သတ္တိရှိခဲ့မိတယ်! ငါမှားပါတယ်။ ငါမှားမှန်းသိနေပါပြီ။ ငါ့ကိုကူညီ​ပေးဖို့နည်းလမ်းတစ်ခုစဉ်းစားဖို့ ငါတောင်းဆိုပါတယ်။ ငါ့ကျင်းအာ​လေးကိုပြန်ခေါ်ခွင့်ပြုပါ။ သူမ​လေးက ငါ့ရဲ့အသွေးအသားတစ်​ယောက်ပါ။ သူမ​လေးကအရမ်းငယ်​ပေမယ့်လည်း သခင်မဆီကို ပို့ဆောင်ခံရမှ​တော့ ငါက ဘယ်လိုလုပ်တည်ငြိမ်နိုင်​တော့မလဲ? ငါတောင်းပန်ပါတယ်။ ငါ့ကို ကူညီပေးပြီး သခင်မကြီးကိုအသနားခံ​ပေးပါ။ ကျေးဇူးပြုပြီး သူမကိုအသနားခံ​ပေးပါ!”

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now