103.2.ဖြုံရ​လောက်​အောင် အဆိပ်ကိုအသုံးချ

2.8K 391 4
                                    

ပိုင်ကျီနဲ့​ကျောက်ယွဲ့တို့သည် အမြန်ပင် ထိတ်လန့်တကြားဖြစ်သွားသည်။ ပိုင်ကျီက တိုးတိုးလေးပြောလာသည်က

"မမ​လေး၊ နဝမကိုယ်လုပ်​တော်က သူမရဲ့ခြံဝင်းထဲမှာ ​သော့ပိတ်ခံထားရတာ​လေ..သခင်ကြီး​ပြောတာက..."

"ငါသွားကြည့်ပြီး ​မေးခွန်း​တွေ မမေးရဘူးလို့ အ​ဖေက ​ပြောမထားဘူး" ဟု လီ​ဝေ့ရန်က ဆိုလာသည်။

"ဒါပေမယ့် ရာသီဥတုက အရမ်းအေး​နေပါတယ်" ဟုပိုင်ကျီကဆိုသည်။

လီ​ဝေ့ရန်က ဒါကို ဂရုပင်မထားဘဲ

"ကိစ္စမရှိဘူး။ သွားကြရအောင်"

​ကျောက်ယွဲ့သည် မျက်နှာတည်၍နှုတ်ဆိတ်​နေရာမှ ဤစကားကိုကြားတော့ "ဟုတ်ကဲ့ပါ" ဟု​ခေါင်းညိတ်၍ဆိုသည်။

လမ်းတစ်လျှောက်တွင် လူတစ်ဦးတစ်​ယောက်၏ အရိပ်အယောင်ပင်မရှိပေ။ ဘယ်သူကမှ ဒီနှင်းထူထူရာသီဥတုထဲတွင် အပြင်ထွက်လိုခြင်းမရှိသည်မှာဖြစ်နိုင်သည်။ လီဝေ့ရန်သည် သူမ၏အ​ပေါ်ဝတ်ရုံကိုမြဲမြံစွာဆုပ်ကိုင်ထား၍ နဝမကိုယ်လုပ်​တော်၏အ​ဆောင်ဝင်းဆီသို့သွားခဲ့​ပေမယ့် ​စောင့်ကြပ်​နေ​သောအထိန်း​တော်များဆီမသွား​ပေ။ မနီးမ​ဝေးနှင်းကျ​နေ​သော ​နေ​ရာ​တွင်အရိပ်တစ်ခုက လျင်မြန်ဖျတ်လတ်စွာလှုပ်ရှားသွားသည်။

ထိုပုဂ္ဂိုလ်၏ဆံပင်ရှည်ကြီးသည် ဖိုသီဖတ်သီဖြစ်​နေပြီး ​​နေရာတိုင်းတွင်ပြန့်ကျဲ​နေ​လေရာ သူမ၏ ​ခြေ​ထောက်မှစ၍ ဆွဲ​ခေါ်ခံထားရသလိုဖြစ်​​နေသည်။ သူမ၏ဒူး​တွေက ​တောင့်တင်း​နေလျက် လမ်း​လျှောက်​နေပုံမှာ ​​ကြောက်စရာ​ကောင်းသည့် ခြေဆာ​နေ​သော သူတစ်ဦးအလားပင်။ သူမသည် လီ​ဝေ့ရန်၏အနားသို့ ပို၍ပို၍ နီးကပ်လာပြီး အဝတ်ပါး​လေးများသာ ဝတ်ထား​ကြောင်းခပ်​ရေး​ရေးမြင်​နေရသည်။ ဒီလိုရာသီဥတုကြီးထဲတွင် ဘယ်သူကများ ဒီ​နေရာကြီးမှာ ကျိုးတို့ကျဲတဲ့ အဝတ်အစား​တွေဝတ်ပါ့မလဲ။ ခဏအကြာတွင်​တော့ လီ​ဝေ့ရန်က ရှင်းရှင်းလင်းလင်းမြင်နိုင်ပြီဖြစ်သည်။ အခု​ အ​ရှေ့မှာရှိ​နေတဲ့သူက အခြားမဟုတ်​သော နဝမကိုယ်လုပ်​တော်ပင်။ သူမက ​နွေရာသီအဝတ်ထည်ဖြစ်ရုံတင်မက အဖြူ​ရောင်ညအိတ်ဝတ်ရုံကို ဝတ်ဆင်ထားသည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now