105.2.မမကြီးရဲ့အလှတရားပျက်စီးရ

2.8K 446 24
                                    

ပင်မအ​ဆောင်ဝင်းအတွင်းတွင်၊ နေ့လည်ခင်းနေရောင်ခြည်သည် ပြတင်းပေါက်ကို အရိပ်ပေးနေသည့် နှင်းဆီနွယ်ပင်များမှတဆင့် အောက်သို့ ဖြာကျနေသည်။ ပွင့်လန်းနေသော ပျိုနီသစ်ပင်အသွင်ဖြင့် ပန်းထိုးခြယ်လှယ်ထားသည့် နူးညံ့သောပိုးသားခန်းဆီးစများပေါ်တွင် အရိပ်များက ဖုံးလွှမ်း​နေသည်။ ကြေးနီမီးဖိုသည် လီလီ​​မွှေးရနံ့ကို ထုတ်လွှတ်​ပေး​နေသည်။ မွှေးရနံ့ မွှေးပျံ့သောအ​မွှေးနံ့သာပေါင်းက အိမ်​ခန်းကို အေးချမ်းမှုခံစားစေသည်။ လီချန်းလဲ့သည် သူမ၏ဆံပင်ကို ​လျှော်၍​ရေ​ဆေးပြီးသွားပြီဖြစ်သည်။ သူမသည် အပြင်ဘက်အ​ပေါ်ဝတ်ရုံကို မ၀တ်ဆင်ထားဘဲ၊ ပန်းရောင်ဖျော့ဖျော့​ကြွေပန်းထိုးနှင့် အလှဆင်ထားသော ဘရိုကိတ်ပိုးတစ်ထည်သာရှိပြီး လခြမ်းအရောင်ရှိသော စကတ်ကို ၀တ်ဆင်ထားသည်။ ပျင်းရိစွာဖြင့် သူမသည် အလှပြင်စားပွဲခုံရှေ့တွင် အေးအေးလူလူ နား​နေသည်။

"အထိန်း​တော်ကျိုး ဘယ်​မှာလဲ?"

ထန်ရှင်းက သူမကို တစ်ချက်ကြည့်လိုက်သည်။ တဖျပ်ဖျပ်ခတ်နေသော မျက်တောင်များဖြင့် ဝန်းရံထားသော ထိုလှပသောမျက်ဝန်းများသည် ဆောင်းဦးရေကြည်အိုင်များကဲ့သို့ နူးညံ့နွေးထွေးသော်လည်း သူမ၏နှလုံးသားသည် ကြောက်ရွံ့မှုကသာအစား တိုးပွားလာနေသည်။ သူမကပြန်မဖြေခင် ခေါင်းငုံ့ထားလိုက်ကာ

"မနေ့က အထိန်း​တော်ကျိုးထွက်သွားပေမယ့် အခုထိ ပြန်မလာ​သေးပါဘူး!"

လီချန်းလဲ့က မျက်မှောင်ကြုတ်လိုက်သည်။

"သူမ တာဝန်ကိုကျရှုံးသွားတာလား?"

"ဒါက.....ဒီအ​စေခံကို သတင်းစုံစမ်းဖို့ ဘာ​ကြောင့် ခွင့်မပြုမှာလဲ" ဟု ထန်ရှင်းက တိုးညှင်းသောအသံဖြင့် ပြောလာသည်။

လီချန်းလဲ့က ရယ်မောလိုက်သည်။ 

“ဒီခွေးကောင်​လေးက အ​စောကတည်းက​သေသွားရမှာကို။ သူ ကယ်တင်ခံရမယ်လို့ ဘယ်သူက သိပါ့မလဲ။ ဒါ​တွေအားလုံးက ငါ့ကိစ္စကိုဝင်ရှုပ်တဲ့ လုလူကြီးမင်းရဲ့အပြစ်ပဲ!” 

လုလူကြီးမင်းသည် သူမ၏အကြံအစည်ကို ဖျက်ဆီးခဲ့ကြောင်း  သိသာထင်ရှားစွာ သိ​နေသော်လည်း ​ထိုလူ၏ပင်ကိုယ်စရိုက်အမှန်သည် ​ကျောင်းထျန်ဖြစ်​ကြောင်းကို မသိခဲ့ပေ။ မဟုတ်ရင် သူမက ပိုလို့တောင် တုန်လှုပ်သွားလိမ့်မယ်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now