47.ကပ်သီးကပ်ဖဲ့​ယောကျ်ားက​လက်​​ဆောင်​ပေး

4K 504 40
                                    

လီ​​​ရှောင်ရန်က မတ်တပ်ရပ်ပြီး

“အခု ကျုပ်တို့ မိသားစုကြီးက သဟဇာတ ဖြစ်နေလိုက်တာများ။ မင်းတို့မှားတာကို မင်းတို့သိကြရဲ့လား။ ​ပြောကြည့်ပါဦး ကျုပ်လည်းသိရတာ​ပေါ့"

လီချန်းလဲ့က ရှက်ရွံ့စွာဖြင့်

"သမီးရဲ့သင်ယူမှုက ညံ့ဖျင်းတာ​ကြောင့် လက်လွှတ်စပယ် ​ပြောခဲ့မိပါတယ်"

လီမင်ဖန်က လေးနက်စွာဖြင့်

"သားက မောက်မာရိုင်းစိုင်းမိပြီး၊ ကိုယ့်ရဲ့ ညီမကောင်းကို အထင်လွဲခဲ့မိပါတယ်"

​သခင်မကြီးက နူးနူးညံ့ညံ့ပြုံးပြီး

“လီ​​ဝေ့ရန်က​ရော ဘာအမှားလုပ်ခဲ့မိလို့လဲ”

လီ​ရှောင်ရန်သည် မှင်သက်သွားသည်။

ထိုအချိန်မှာ ရုတ်တရက်အသံတစ်သံထွက်လာသည်။

"တတိယမမမှာ အမှားရှိပါတယ်"

လူတိုင်းက အံ့သြသွားကြပြီး လီဝေ့ရန်၏ဘေးတွင် ရပ်နေသောကောင်လေးကိုကြည့်လိုက်ကြသည်။ သူသည် အနီရောင်ဝတ်ရုံရှည်နှင့် ခါးတွင် လ​ရောင်ကဲ့သို့​ဖွေးဥ​သော ကျောက်စိမ်းခါးပတ်ကို ၀တ်ထားသည်။ နှစ်လိုဖွယ်​ကောင်းတဲ့ သူ့ရဲ့ မျက်ခုံး​မွှေး​တွေက သူ့မျက်ဝန်းဆီကို မ​ရောက်နိုင်​အောင် အနည်းငယ်ပင့်တင်ထားသဖြင့် သူပြုံးလိုက်သောအခါ လှပသောအကြည့်တစ်ခု ထင်ဟပ်​နေသဖြင့် လူတွေမျက်လုံးမလွှဲနိုင်ပင်ဖြစ်ရသည်။ တတိယသခင်မက အံ့အားသင့်သွားပြီး

"မင်တိ၊ မင်းဘာတွေပြောနေတာလဲ?"

လီမင်တိက ကျယ်လောင်စွာဖြင့်

“တတိယမမမှာ အမှားတစ်ခုရှိပါတယ်။ သူမရဲ့အမှားက​တော့ သူမကချို့တဲ့လွန်းတာကြောင့်အခြားသူများက သံသယ၀င်ကြတာ​လေ။ တတိယမမမှာသာ ငွေအလုံအလောက်ရှိမယ်ဆိုရင် သူမက​သခင်မကြီးရဲ့ဂျင်ဆင်းနီကို ​ငွေအတွက်လဲလှယ်မယ့်သူလို့ အခြားသူ​တွေက ဘယ်လိုလုပ် သံသယ၀င်နိုင်မှာလဲ။ ဒါက တတိယမမက ချို့တဲ့တယ်ဆိုတာကိုပြနေတာပဲ"

ဒီကလေး၏စကားပြောသံကြောင့် လီဝေ့ရန်၏ ​​ခေါင်း​ကြောတင်းလွန်းခြင်းကို ​ဝေဖန်ရန်ပြင်​နေ​သော ဖြောင့်မတ်တည်ကြည်လွန်း​သော မျက်နှာနှင့် လီ​ရှောင်ရန်အပါအဝင် လူတိုင်းကမှင်သက်သွားရသည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now