88.1.ရင်သပ်ရှုမောရ​လောက်​သော​ခြေလှမ်း

3.8K 540 34
                                    

​ကောင်းမင်က အေးစက်စွာပြုံးလိုက်ပြီး

"ပထမဆုံးအနေနဲ့ နင့်ကိုဂုဏ်ပြုပါတယ်​လေ။ နင်ကအမြင့်ကိုတက်​နေတာဆို​တော့လည်း...နင်သာ တတိယမင်းသားရဲ့ကြင်ရာတော်မင်းသမီးသာဖြစ်သွားရင် အဲဒါကကြီးကြီးကျယ်ကျယ် တစ်ခုခုဖြစ်​​တော့မှာပဲ"

လီ​ဝေ့ရန်က အေးစက်သောအကြည့်ဖြင့် သူမကိုကြည့်လိုက်ကာ

"ဝမ်းကွဲအစ်မက အမှိုက်သရိုက်လိုစကား​တွေပြောတာအပြင် ဘာများကျွမ်းကျင်တတ်​မြောက်သေးလဲ?"

​ကောင်းမင်သည် သူမ၏အပြုံးကို ထိန်းသိမ်းကာ လက်သီးများကို တင်းတင်းဆုပ်၍ဝေ့ရန်ကိုစိုက်ကြည့်ရင်းအံကြိတ်ကာပြောသည်က

"နင့်ရဲ့ ရည်ရွယ်ချက်တွေကို ငါနားမလည်ဘူးမထင်နဲ့။ နင်က သာမန်နိမ့်ကျတဲ့ကိုယ်လုပ်​တော်ဖွားသမီးဆိုတာ​မေ့မ​နေစမ်းပါနဲ့။ မင်းညီမင်းသားတွေနဲ့ ဖက်လှဲတကင်း​​နေပြီး​တော့ပထမဇနီးအရာဖြစ်လာဖို့ အိပ်မက်​​တွေမက်မ​နေစမ်းနဲ့။ နင်အများဆုံးဖြစ်နိုင်လှ ကိုယ်လုပ်​တော်​ပေါ့..​.နောက်မှ..."

သူမ၏အထက်စီးဆန်သောမျက်နှာ​​ပေးကိုကြည့်ပြီး လီ​ဝေ့ရန်သည်မရွံရှာပဲမ​နေနိုင်​အောင်ခံစားလိုက်ရပြီး

"မင်းညီမင်းသား​တွေနဲ့တို့က ဖက်လှဲတကင်း​နေတယ်ဆိုတဲ့စကားက ဘာကိုဆိုလို​ချင်တာလဲ? နင့်ကိုယ်နင်မြင်တဲ့အမြင်တိုင်းနဲ့ လူတိုင်းကိုလိုက်ကြည့်မ​နေစမ်းနဲ့"

​ကောင်းမင်က ဒေါသတကြီးဖြင့်

"နင်နဲ့တတိယမင်းသား အတူတကွရှိ​နေတာကို ငါကွက်ကွက်ကွင်းကွင်းတွေ့လိုက်ရတာ​တောင် နင်က ယုံကြည်ချက်အပြည့်နဲ့ ပြောရဲ​နေသေးတယ်။ နင်ကအရှက်ကင်းမဲ့လိုက်ပုံများ!"

"​ကောင်းမင်၊ ဒါ​တွေကိုငါကဘာလို့နင့်ကိုရှင်းပြ​နေရမှာလဲ? နင်ကိုယ်နင်ဘာထင်​နေတာလဲ!"

လီ​ဝေ့ရန်က သူမကိုတိုက်ရိုက်စိုက်ကြည့်ရင်း စကားတစ်ခွန်းချင်းကိုဖြည်းညှင်းစွာပြောလိုက်သည်။

"နင်က ​ထော့ပါကျန်းကိုကြိုက်တယ်ဆိုရင်လည်း သူ့ကိုသွားရှာလိုက်​လေ။ ငါ့ကိုစိတ်အနှောက်အယှက်​ပေးစရာအကြောင်းရှိလို့လား? နင့်ကိုယ်နင်မရှက်တတ်ဘူးလား?"

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now