121.ညအချိန်မ​တော်လုပ်ကြံသတ်ဖြတ်မှု

2.6K 373 9
                                    

ဆန့်ကျင့်​နေတဲ့အသံနှင့်အတူ လီဝေ့ရန်နှင့် လီမင်တိတို့သည် တစ်ယောက်ကိုတစ်ယောက် မျက်ဝန်းအောက်​ခြေက​နေ ကြည့်လိုက်မိသည်။ ဆို​​တော့ကား ဒီလိုကို။ ​ကျောင်းမိသားစု၏တုံ့ပြန်မှုကို မျှော်လင့်ထားပြီးသားဖြစ်သည်။

လီချန်းလဲ့က ကျယ်လောင်စွာ အော်ဟစ်ငို​ကြွေးသည်မှာ

"ဘွားဘွား​ရေ၊ အဘွားရဲ့သေဆုံးမှုက အရမ်းဝမ်းနည်းစရာကောင်း​နေပါပြီ။ အဘွားကို ဒုက္ခပေးတဲ့သူတွေက အဘွားကို သတ်ရုံတင်မကဘူး၊ အဘွားရဲ့ ခန္ဓာကိုယ်ကိုလည်း အမဲဖျက်ပစ်ချင်​နေတယ်။ အဘွားရဲ့ စိတ်ဝိညာဥ်နဲ့သမီးတို့ကို လမ်းပြ​ပေးပြီး လူသတ်သမားကို ဖမ်း​ပေးလှည့်ပါ​​တော့”

လီ​ဝေ့ရန်သည်သာ ဘယ်ရီသီးနက်​တွေကို ထိဖူးသူတစ်ဦးတည်းဖြစ်ပြီး သူမသည် နယ်စားသခင်မကြီး၏တစ်ဦးတည်းသော ရန်သူလည်းဖြစ်သည်ဟု ဆိုနိုင်သည်။ ရှိ​နေ​သောအရာရှိများနှင့် မှူးမတ်အများအပြားသည် ထိုမိန်းကလေးကို ထိတ်လန့်သောမျက်လုံးများဖြင့်ကြည့်နေမိကြသည်။ သို့သော် သူမသည် အသက်၁၅နှစ်သာရှိသေးသော မိန်းကလေးဖြစ်သည်။ သူမရဲ့မိခင်ဘက်ကအဘွားကိုတောင် အဆိပ်ခတ်ပြီးသတ်ခဲ့တယ်လား​ပေါ့။ ဒီမိခင်ဘက်က​တော်စပ်​​သောအဘွားက သူမနဲ့ ​သွေးသားမ​တော်ရင်တောင် အဘွားအိုကြီးပဲလေ။ သူမကိုသတ်ပစ်တာက ရက်စက်လွန်းတယ်။ စုန့်ယန်ကျွင်းတစ်ယောက်ကသာ သူမရဲ့အမေစုန့်သခင်မက ဆွဲထုတ်သွားပေမယ့် လီဝေ့ရန်ကို စိတ်ပူပြီး စိုးရိမ်တဲ့အကြည့်နဲ့ကြည့်နေတုန်းဖြစ်သည်။

လီ​ဝေ့ရန်က ဖြည်းညှင်းစွာပြောသည်မှာ

"အိုး၊ ဘွားဘွားအတွက် လူသတ်သမားကို ရှာဖို့ အဆိုပြုနေတာ တို့ပဲရှိတာလား? ရက်စက်တယ်တဲ့လား? ဒါမှမဟုတ် သူမကို အရမ်းလေးစားတယ်လို့ ပြော​နေတဲ့ ရှင်တို့လူ​တွေက သူမ အခု သေဆုံးသွားတာကိုတောင် သူမကို အဖြစ်မှန် မသိ​သွားစေချင်တာလား? ​​​နောင်ဘဝမှာ ရှင်တို့ရဲ့အဘွားက ရှင်တို့ကို ထုံထိုင်းပြီး မကြင်နာတတ်တဲ့ အတွက် အပြစ်တင်မှာကို မကြောက်ကြဘူးလား?"

​​ကျောင်းဟွမ်က ဒေါသတကြီးနဲ့ "လီ​ဝေ့ရန်၊မင်းက ​ကလိမ်ကလယ်တွေအပြည့်နဲ့ပါလား!"

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now