72.2. ညသန်း​ခေါင်တွင် ခြုံခိုတိုက်ခိုက်ခံရ

3.8K 610 52
                                    

မြင်းလှည်းပေါ်ရှိသူတို့သည်အမတ်ချုပ်ကြီးအိမ်တော်ဆီသို့ပြန်ရန် တိုက်ရိုက်ဦးတည်လိုက်ကြသည်။ အနောက်ဘက်လမ်းဆုံကိုရောက်တော့အပြင်ဘက်မှာတစ်စုံတစ်ယောက်၏စကားပြောသံကို သူတို့ကရုတ်တရက်ကြားလိုက်ရသည်။

"အန်းဖိန်မင်းသမီး၊ လျူယုရှီရဲ့မြင်းလှည်းကမှောက်သွားတာ​ကြောင့် ကျွန်​တော်တို့လမ်းလွှဲရမယ်"

ပိုင်ကျီသည်ခန်းဆီးစကို မတင်ကြည့်လိုက်​တော့လမ်းလယ်၌ မြင်းခွာသံနှင့်အတူအပြင်ဘက်တွင်မငြိမ်မသက်ဖြစ်နေသည်ကိုမြင်ရသည်နှင့်မျက်မှောင်ကြုတ်လိုက်ပြီး

"မမ​လေး၊ ကျွန်မတို့​တွေတခြားလမ်းက​နေသွားသင့်တယ်"

မင်းသမီး၏နေအိမ်​တော်ဝင်းသည် မြို့တော်၏ အစွန်အဖျား​နေရာတွင်ရှိသည်။ ကောင်းကင်သည်မဲမှောင်သွားပြီဖြစ်သဖြင့် သူတို့အ​နေနှင့် အိမ်​တော်ကိုမြန်မြန်ပြန်သွားလာရမည်ဖြစ်သည်။ လီ​ဝေ့ရန်က ကောင်းကင်ကိုမော့ကြည့်လိုက်ပြီး​နောက်

"ဒါဆိုလည်းလမ်းလွှဲသွားကြတာ​ပေါ့"

လီမင်တိသည် ယခု​လောက်ဘယ်တုန်းကမှဒီလောက်မတည်တံ့​နေခဲ့ဘူး​ပေ။ သူ၏ အသွင်အပြင်သည်ထူးခြား​နေသည်။ ယခုအချိန်တွင်မြင်းလှည်းအတွင်း ဖယောင်းတိုင်တစ်တိုင်ဖြင့်သာထွန်းထားသဖြင့် လှုပ်လိလှုပ်လဲ့ အလင်းရောင်အောက်တွင် သူ၏ထူးခြား​ပြေပြစ်​သောအသွင်အပြင်သည် သူ့အရိပ်ကဲ့သို့ပင်ယိမ်းနွဲ့​နေသည်။

လီ​ဝေ့ရန်၏ရှေ့တွင်ရှိ​နေ​သော ထိုလူငယ်​လေးသည် သူမနှင့်မရင်းနှီးသကဲ့သို့ အနည်းငယ်ခပ်တန်းတန်းဖြစ်​နေပုံရသည်။

သူတို့ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့စဉ်က သူသည်အားနည်းသောကလေးငယ်တစ်ယောက်သာဖြစ်သော်လည်း ယခုတွင်မူသူမမှာထူးဆန်းသော စိတ်ခံစားချက်တစ်ခုရှိ​နေသည်။ သူမ​ရှေ့ပိုင်းတွင်​တွေ့ခဲ့ရ​သော လီမင်တိ၏ပုံစံသည် အရိပ်တစ်ခုသာဖြစ်ခဲ့ပြီး သူ၏အစစ်အမှန်ပုံရိပ်အားသူမ​ကသေ​သေချာချာနားမလည်နိုင်​သေး​ဟုထင်မြင်မိ​နေသည်။

လီမင်တိမော့ကြည့်လိုက်​တော့ လီ​ဝေ့ရန်ကသူ့အားစိုက်ကြည့်နေသဖြင့် ထိတ်လန့်သွားသည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now