33.ကိုယ့်သမီးကိုယ် ဆုံးမသင်ကြား

3.6K 507 1
                                    

လီဝေ့ရန်သည် စာရွက်တစ်ရွက်ကိုထုတ်လိုက်သည်။ စာတွင်​ရေးထားသည်က- အရေးတကြီးဆွေးနွေးရန်ရှိသည်။ လျှို့ဝှက်စွာ ချက်ချင်းလာခဲ့ပါ။

ထိုစာ​ကြောင်းသည် မူလစာ​ကြောင်းဖြစ်သော်လည်းပေးပို့သူ​နေရာတွင် ရှန်းဟွာဟုထည့်သွင်းထား​လေသည်။

လီ​ဝေ့ရန်က မသိမသာပြုံးလိုက်ပြီး "ဒီစာကို ​ကောင်းကျင်းဝမ်းကွဲအစ်ကိုရဲ့ခန္ဓာကိုယ်​ပေါ်မှာတွေ့ခဲ့တာပါ။ ရှန်းဟွာဆိုတာက​တော့...."

စာကိုကြည့်လိုက်ပြီးနောက်တွင်​တော့ အမတ်ချုပ်ကြီးလီ၏မျက်နှာသည်ပြောင်းလဲသွားသည်။ ရှန်းဟွာ၊ ဒီစာလုံးသည် သူချစ်သောသမီး၏နာမည်အတွက် သူချီး​မြှောက်ပေးထားသောစကားလုံးပင်ဖြစ်သည်။

​ဝေ့​ကောင်းသခင်မနှင့်​ကောင်းမင်တို့က စာကိုမြင်တော့ စိတ်ရှုပ်သွားသည်။ ​ဝေ့​ကောင်းသခင်မကသူမ၏သားသည် လီ​ဝေ့ရန်ကြောင့် ဒဏ်ရာရသည်ဟုတွေးခဲ့သော်လည်း စာတစ်ရွက်ပေါ်လာလိမ့်မည်ဟု သူမကမတွေးမိခဲ့ပေ။ သူမသည်ငတုံးမှမဟုတ်တာ အရာအားလုံးကို ချက်ချင်းပင်နားလည်သွားသည်။ လီချန်းလဲ့တို့သားအမိက သူမ၏လက်ကိုသုံးပြီး ကိုယ်လုပ်​တော်ရဲ့သမီးကိုရှင်းပစ်​စေချင်​နေတာလား? အဲ့လိုဆိုရင်တောင်မှ သူမသားရဲ့အသက်ကို ​လောင်း​ကြေးမထပ်သင့်ဘူးလေ! သူမ၏ မျက်နှာသည် လက်ရှိအ​ခြေအ​နေကို​အေးစက်စွာကြည့်​နေရင်းချက်ချင်းပင်ပိုဆိုးလာသလိုပင်။

မိုးကြိုးပစ်သံကဲ့သို့ စူးရှ​သောအသံ​ကြောင့် လူတိုင်းလှည့်ကြည့်လိုက်ရာ ပထမသခင်မ၏ မျက်နှာသည် မည်းမှောင်​နေပြီး

“လုံးဝအဓိပ္ပါယ်မရှိလိုက်တာ” ဟုပြောလိုက်သည်။

လီဝေ့ရန်၏မျက်နှာသည် တစ်ချက်မျှမ​ပြောင်းလဲပဲ

“အမေ၊ ဒီမှာရှိတဲ့ အ​စေခံနဲ့အထိန်း​​တော်တွေကသက်သေခံနိုင်ပါတယ်။ သူတို့အားလုံး ဒါကိုသူတို့မျက်စိနဲ့မြင်ခဲ့တာပါ၊ ဒီစက္ကူစကို ​ကောင်းကျင်းဝမ်းကွဲအစ်ကိုရဲ့ခန္ဓာကိုယ်ဆီကနေရှာဖွေ​တွေ့ရှိခဲ့တာပါ”

ပထမသခင်မ၏မျက်လုံးများသည် လူတိုင်းဆီကိုအလျင်အမြန်​ရောက်ရှိသွားသည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now