36.ရန်သူများနှင့်​တွေ့ဆုံ

3.7K 508 6
                                    

သူအနားသို့ ရောက်လာသောအခါ ပတ်ဝန်းကျင်တစ်ဝိုက်ရှိအရာအားလုံးသည် အစအနမရှိမှေးမှိန်ပျောက်ကွယ်သွားသလိုပင်။

လီဝေ့ရန်၏မျက်လုံးများသည် လူတစ်ဦးဖြည်းဖြည်းချင်းတစ်လှမ်းချင်းလှမ်းကာ အိ​​န္ဒြေရစွာ​လျှောက်လာသည်ကို မျက်လုံးကျယ်ကျယ်ဖွင့်ကာ ကြည့်လိုက်သည်။ သူမ၏အသက်ရှူသံကခဏတာ ရပ်သွားမိသလိုပင်။

သူ၏ခန္ဓါကိုယ် တည်ဆောက်ပုံမှာ ထင်​ပေါ်ပြီးသူ၏မျက်နှာသွင်ပြင်သည် ကျစ်လျစ်ပြီး ချောမောသည်။ သူ၏အနက်ရောင်မျက်ဝန်းများအတွင်း၌ လူသားတစ်ဦး၏ စိတ်ကိုဖမ်းစားနိုင်သော ဆိတ်ငြိမ်သက်မှုကဲ့သို့ ​အေးစက်​သော အရိပ်အ​​ယောင်များကို​ တွေ့နိုင်သည်။ သူကတော့ ​ပြောစရာမလို​အောင်ပင် အထင်ကြီးစရာကောင်းသော တတိယမင်းသား၊ ထော့ပါကျန်းဆိုတာ အသေအချာပါပဲ။

လီ​ဝေ့ရန်၏လက်များက သူမအင်္ကျီလက်များကို ဖြည်းဖြည်းချင်းဆုပ်ထားမိရင်း ပထမသခင်မ၏လုပ်ရယ်သံများက သူမ၏စိတ်ထဲတွင်တစ်​ကြော့ပြန်လည်လာသည်။

"​ဝေ့ရန်​က သိတတ်ရို​သေပြီး ထူးချွန်သူ​လေးဆို​တော့ ဒီအ​မေက ကျိန်း​သေ​ပေါက် မင်းကို ​ယော​ကျာ်း​ကောင်းနဲ့လက်ထပ်ရ​အောင် ကူညီ​ပေးမှာ​ပေါ့။ တတိယမင်းသား ​ထော့ပါကျန်းက ငယ်ရွယ်ပြီးချောမောခန့်ညားတယ်။ သူနဲ့မင်းနဲ့သာဆိုနတ်ဖက်တဲ့စုံတွဲပဲ။ ဝေ့ရန်၊ မင်းသာသူ့ကိုလက်ထပ်ပြီးတာနဲ့ သူ့အနားမှာ ဝတ္တရား​ကျေပွန်​သိတတ်မယ်ဆိုရင် မင်းအနာဂတ်ကောင်းကောင်းရမှာပဲ"

လီချန်းလဲ့က​လည်း ပါးချိုင့်​လေးပေါ်​အောင်ပြုံးရင်း

"ဟုတ်တယ်၊ မြို့​တော်က အိမ်​ထောင်ပြုဖို့အရွယ်​ရောက်​နေတဲ့ မိန်းကလေးတိုင်းက တတိယမင်းသားရဲ့ကြင်ယာ​တော် ဖြစ်ချင်ကြတာ​လေ။ ဝေ့ရန်၊ မင်းအရမ်းကံကောင်းတာပဲ"

ဒါပေမယ့် အဆုံးမှာတော့ ငှက်တစ်ကောင်ရဲ့အတောင်ပံတွေကိုအတင်းရိုက်ချိုး​စေပြီး၊ အမွေး​တောင်​တွေ တစ်စဆီ ​​သွေးထွက်တဲ့အထိဆုတ်ဖြဲခံခဲ့ရတယ်​။ ဒီနာကျင်မှုကို သူမဘယ်တော့မှမေ့မှာမဟုတ်ဘူး။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now