52.အိမ်​တော်ထဲတွင် ​လေပြင်းတိုက်

3.7K 542 33
                                    

ညနေခင်းတွင် လီဝေ့ရန်သည် ရေချိုးသန့်စင်ဖို့ပြင်ဆင်ရန် သူမ၏အ​စေခံများကို အကြောင်း ကြားတော့မည့်အချိန်တွင် သူမ၏အ​ဆောင်ဝင်းအတွင်းမှငိုသံများကိုကြားလိုက်ရသဖြင့် သူမကမျက်မှောင်ကြုတ်ပြီး

"အပြင်က ဆူညံသံကဘာဖြစ်တာလဲ" ဟုမေးလိုက်သည်။ မိုကျူးက ချက်ချင်းပင်

“ဒီအ​စေခံက သွားကြည့်လိုက်ပါ့မယ်”

လီ​ဝေ့ရန်က စဉ်းစားလိုက်ပြီး

“အဲ့ဒီလူကို အိမ်ထဲခေါ်ခဲ့လိုက်”

“ ဟုတ်ကဲ့ ”

"ပထမ သခင်မ​လေးရဲ့အစေခံတွေက ကျွန်မကိုအနိုင်ကျင့်နေကြတယ်…”

မိုကျုးက မျက်နှာ​ပေါ်တွင် အနီ​ရောင်လက်ဝါးအမှတ်အသား​ပေါ်​နေ​သော ငိုယိုနေတဲ့ အ​စေခံမ​​လေးကို အထဲ​ခေါ်လာခဲ့သည်။

"ဘာတွေဖြစ်လာတာလဲ?"

"မမ​လေး၊ဟွန့်၊ ဟွန့်၊ ဟွန့်၊ မမ​လေးက ရေချိုးဖို့အချိန်နီးနေတာကြောင့် ဒီအ​စေခံက ရေယူဖို့သွားခဲ့ပါတယ်။ ကျွန်မက ရေနွေးတည်ပြီးတဲ့အချိန်မှာတစ်ယောက်ယောက်က ကျွန်မကိုတွန်းပြီးရေနွေးအိုးကိုပစ်ချလိုက်တယ်။ ဒီအ​စေခံက ပထမသခင်မ​လေးရဲ့အစေခံလုပ်မှန်းသိတာကြောင့် မကျေမနပ်ဖြစ်တာကို ထိန်းလိုက်ပြီး ရေနွေးအိုးကိုပြန်ဖြည့်လိုက်တယ်။ ဒါပေမယ့် သူကကျွန်မဆီကနေအတင်းအကျပ်လာယူပြီး ကျွန်မကို၂ကြိမ်​တောင်ရိုက်မယ်ဆိုတာ ဘယ်သူကသိမတဲ့လဲ။ ဒီအ​စေခံလည်းကြာကြာမအောင့်နိုင်တော့တဲ့အတွက် ကျွန်မကသူမနဲ့ ရန်ဖြစ်ခဲ့ရပါတယ်။ နောက်​တော့သူမက ကျွန်မကို မြေပေါ်ကိုလှဲချပြီး ကျွန်မကိုရိုက်တယ်။ တတိယသခင်မ​လေးဆိုတာ ဘာမှမဟုတ်ဘူးတဲ့။ ပထမသခင်မ​လေးက ရေချိုးဖို့လိုတာ​ကြောင့် သူမနဲ့ဘယ်သူရန်ဖြစ်ဝံ့လဲလို့ ကြိမ်း​​မောင်းတယ်! "

"အို...တကယ်ပဲလား?" 

လီဝေ့ရန်သည် အ​စေခံမ​လေး၏ခန္ဓာကိုယ်ပေါ်တွင်ဒဏ်ရာများကို ကြည့်လိုက်မိသည်။ ဒါက သူမ လိမ်ညာ​နေတာ​တော့မဟုတ်ဖူးပဲ။

အ​စေခံငယ်​လေးက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"ပထမသခင်မ​လေးက ရေချိုးရင် နွားနို့ကိုပဲအမြဲသုံးခဲ့တာပါ။ သူမက ရေနွေးပူကို ဘယ်တော့မှမသုံးခဲ့ဘူး။ တကယ်တော့ သူမတို့​တွေက ကျွန်မတို့ကိုအနိုင်ကျင့်ချင်​နေတာ...."

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now