125.1.ဖွင့်ဟဝန်ခံရုံမျှသာ

2.7K 364 38
                                    

လီ​ဝေ့ရန်သည် စာလုံးအလှရေး​နေသည်။ သူမက စာအလှ​ရေးရာတွင် အလွန်အလေးအနက်ထား၍ရေးတတ်သော်လည်း သူမ၏စာလုံးများသည် အမြဲတမ်းအလွန်လှပခြင်း​တော့မရှိပေ။ သူမသည် ယခင်ဘဝတည်းက ပညာမသင်ယူခဲ့ရသဖြင့် အချိန်အတော်ကြာ ကြိုးစားခဲ့ရသော်လည်း လက်ရေးလှရေးခြင်းသည် ငယ်ရွယ်စဉ်ကတည်းက စတင်သင်ယူနိုင်မှသာ ကျွမ်းကျင်မှုတစ်ခုဖြစ်နိုင်သည်မလား။ "အ​တွေး" ဟူသော စကားလုံးကို သူမက သေချာရေးပြီးနောက် လီဝေ့ရန်သည် ထိုစကားလုံးကို အချိန်အတော်ကြာ ဂရုတစိုက်ကြည့်ကာ ခေါင်းယမ်းလိုက်မိသည်။

"မမ​လေးက ဒီနေ့ လက်ရေးလှရေးနည်းကိုလေ့ကျင့်နေတာပဲ!"

"ဟုတ်တယ်​နော်။ ဒီနေ့က ​ကျောင်းစတုတ္တသခင်​လေးကို ကွပ်မျက်တဲ့နေ့လို့ ငါကြားမိတယ်။ လူတော်တော်များများက အဲဒါကို သွားကြည့်ကြမယ်တဲ့"

"ဟုတ်​ပ။ မမ​လေးလည်း သွား​ကြည့်သင့်တယ်​ထင်​တယ်​​!"

"ဟဲ့ တိတ်တိတ်နေ​လေ။ မမ​လေးက မသွားချင်ပါဘူး!" 

မိုကျူးနှင့် ပိုင်ကျီက တစ်ယောက်နဲ့တစ်ယောက်တိုးတိုးလေးတွတ်ထိုးနေကြတယ်။

လီ​ဝေ့ရန်က ခေါင်းမော့ပြီး သူမတို့ကို စိုက်ကြည့်ကာ

"ငါ့ရှေ့မှာ အတင်းအဖျင်းပြောနေကြတာလား?"

ဒီနှစ်ယောက်က သူမကို လုံးဝနားမကြားဘူးလို့များ ထင်နေသလား? သူမသည် အရာအားလုံးကို အတိုင်းသားကြားနေရတာချည်းကို။

ပိုင်ကျီက ပြုံးပြီး "မမ​လေး၊ သေဒဏ်စီရင်တဲ့နေရာကို မသွားချင်ဘူးလား?"ဟုဆိုသည်။ 

ရန်သူသေဆုံးသွားတာကိုကြည့်ရမှာ အရမ်း​ကောင်းတဲ့ကိစ္စ​လေ! မမ​လေးက ဘာလို့စိတ်မဝင်စားတာပါလိမ့်?

လီ​ဝေ့ရန်က ​နောက်ထပ်ဆွဲချက်တစ်ခုကို ဆွဲလိုက်ပြီး ​ပေါ့ပါးစွာဖြင့်

"လူတွေကို သတ်ဖြတ်တာကြည့်ရတာ ဘာများကောင်းစရာရှိလို့လဲ?" 

ဒီ့အပြင်၊ အသတ်ခံရမည့်သူသည် ​ကျောင်းနန်မဟုတ်​ပေ။

ပိုင်ကျီနဲ့မိုကျူး ၂ယောက်စလုံးက သူမကို ထူးဆန်းတဲ့မျက်လုံးတွေနဲ့ ကြည့်နေကြတယ်။ လီ​ဝေ့ရန်က အနည်းငယ်ပြုံးလိုက်ပြီး

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now