65.4.အကြံအစည်ထဲကအကြံအစည်

3.6K 539 12
                                    

ထိုညတွင် စတုတ္တကိုယ်လုပ်​တော်ရောက်လာပြီးနောက် လီ​ဝေ့ရန်၏နေအိမ်တော်ဝင်းဆီသို့တံခါးလာခေါက်လေ​တော့သည်။

ပိုင်ကျီကတံခါးဖွင့်လိုက်သောအခါ လ​ရောင်ကဲ့သို့ အဖြူရောင်ဝတ်စုံ၀တ်ဆင်ထားတဲ့ စတုတ္တကိုယ်လုပ်​တော်ကိုတွေ့လိုက်ရသည်။ အနီရောင်မန်ဒရင်းဘဲငန်းကိုချယ်လှယ်ထားသောဖိနပ်တစ်ရံကို၀တ်ဆင်ထားပြီး သူမ၏အသက်အရွယ်ရှိ အမျိုးသမီးများနှင့် မတူ​သောပရောပရီပုံစံဖြင့် လမ်းလျှောက်ဝင်လာသည်။ သူမသည် လီဝေ့ရန်ထံသို့ချဉ်းကပ်လာပြီးနောက် အရိုအ​သေ​ပေးကာ

“အန်းဖိန်မင်းသမီးအတွက် ကောင်းချီးများကျ​ရောက်ပါ​စေ” ဟုငြင်ငြင်သာသာနှုတ်ဆက်လိုက်သည်။

ထိုစကားကြောင့် လီ​ဝေ့ရန်သည်ပြုံးလိုက်မိသည်။ စတုတ္တကိုယ်လုပ်​တော်သည် မိသားစုတွင် ပါးနပ်သူထဲမှတစ်​ယောက်အပါအဝင်ဖြစ်သည်။ သူမကတည်တည်ငြိမ်ငြိမ်နဲ့ပင်

“ကိုယ်လုပ်​တော် ဘာများဖြစ်လာရတာလဲ။ တို့ကိုဒီအချိန်ကြီးအရေးတကြီးတွေ့ဖို့လိုတယ်ဆို​တော့ အံ့သြမိတယ် "

စတုတ္တကိုယ်လုပ်​တော်၏မျက်နှာသည် အနည်းငယ်ပြောင်းလဲသွားပြီး ပုံမှန်နှင့်မတူချေ။ သူမ၏မျက်လုံးများက လျင်မြန်စွာဟိုဟိုဒီဒီရွေ့​နေရင်းက​နေ မကြာခင်မှာပဲ သူမ၏မျက်လုံးများသည် လီ​ဝေ့ရန်ဆီသို့ကျ​ရောက်သွားပြီး သူမအားရင်ဆိုင်ရန်ဆုံးဖြတ်လိုက်ဟန်ဖြင့်

"မင်းသမီး၊ ကျွန်မက ဒီညဒီအချိန်ကြီးလာရောက်ဖို့ကလွဲလို့တခြားရွေးစရာမရှိလို့ပါ"

လီဝေ့ရန်သည် ချက်ချင်းပင်တိတ်ဆိတ်သွားပြီးသူမက

“ကိုယ်လုပ်​တော်ပြောချင်တဲ့စကားတွေရှိမယ်ဆိုရင် ကိုယ်လုပ်​တော်အ​နေနဲ့ တည့်တိုး ပြောနိုင်ပါတယ်လေ”

စတုတ္ကကိုယ်လုပ်​တော်က ခေါင်းငြိမ့်လိုက်ပြီးသူမ၏ယုံကြည်ရသော အစေခံအမျိုးသမီးအား အမိန့်​ပေးလိုက်သည်။

“အဲ့အ​စေခံကို ဒီကို​ခေါ်လာခဲ့လိုက်”

ထိုအ​စေခံက အထဲသို့ဆွဲ​ခေါ်ခံလာရကာ အတွန်းခံလိုက်ရသဖြင့် သူမကမြေကြီးပေါ်သို့လဲကျသွားသည်။ သူမ၏မျက်နှာသည်အညစ်အကြေးများဖြင့်ရွှဲနေပြီး သူမ၏ဆံပင်သည်လည်း ဖရိုဖရဲဖြစ်နေသည်။ ဒူးထောက်လိုက်​သောအခါ တစ်ကိုယ်လုံးပြင်းထန်စွာတုန်ယင်​နေသည်မှာ သေချာ​ပေါက် ယုံအာပင်ဖြစ်သည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now