123.1.ပြဇာတ်၏ရည်ရွယ်ချက်

2.3K 398 11
                                    

လျောင်ချန်ချင်းသည် ကန့်လန့်ကာကို ဆွဲယူကာ အလောင်းစစ်ဆေးခြင်းလုပ်ငန်းစဉ်တစ်ခုလုံးကို ကွယ်ထား​ပေးရန် အမိန့်ပေးလိုက်သည်။ လီ​ဝေ့ရန်သည် ကျောင်းအိမ်​တော်၏ ကလိမ်ကလည်လုပ်လာမှာကို မကြောက်ပါဘူး။ လျောင်ချန်ချင်းက စောင့်ကြည့်နေခြင်းဖြင့် ကျောင်းမျိုးနွယ်များကို မည်သည့်လှည့်ကွက်မှ ကစားခွင့်ပေးစေမှာမဟုတ်ဘူး။

တာ့လီမင်းဆက်ရှိ ရာနှင့်ချီသောနယ်ပယ်လုပ်ငန်းတို့တွင် ရင်ခွဲစစ်ဆေးသူအလုပ်သည် အဆိုပါနယ်ပယ်လုပ်ငန်း ၃၆ ခုအနက်မှတစ်ခုဖြစ်သည်။ ၎င်းကို "သေမှုသေခင်းစစ်ဆေးခြင်းလုပ်ငန်း" ဟုခေါ်သည်။ ထိုသူသည် အလောင်းကိုခွဲစိတ်မှုနှင့် ဒဏ်ရာ၂ခုလုံးကို စစ်ဆေးရသည့်လုပ်ငန်းဖြစ်သည်။ ဆွေးမြေ့နေသော အလောင်းများဆိုရင်ပင် ကျွမ်းကျင်သောစစ်ဆေးသူသည် ကျွမ်းကျင်သောနည်းလမ်းများဖြင့် အဖြေများကို စိစစ်ရှာ​ဖွေနိုင်သည်။ ဒါ့အပြင် အရိုး၏အရောင်ကနေလည်း သေဆုံးစေရသည့် အဆိပ်ကိုလည်း တွက်ဆနိုင်တယ်။ ပြတ်ပြတ်သားသားပြောရလျှင် ရင်ခွဲစစ်ဆေးသူသည် အသေးစိတ်အချက်အလက်များကို စေ့စေ့စပ်စပ်အာရုံစိုက်ရန် လိုအပ်သော နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုရှိရမည့်အလုပ်ဖြစ်သည်။ ဘယ်သူမဆိုလုပ်နိုင်တာတော့မဟုတ်ဘူး။ ဒါကြောင့် တာ့လီမင်းဆက်မှာ ဒီလုပ်ငန်းတာဝန်ကို ထိန်းချုပ်ထားမှုက အလွန်ပင်စည်းကမ်းတင်းကျပ်တယ်။ ရင်ခွဲစစ်ဆေးသူကသာ လိမ်လည်ကြောင်း တွေ့ရှိသွားပါက၊ ၎င်းသည် မျိုးနွယ်စုတစ်ခုလုံး၏သတ်ဖြတ်ခြင်းကို သယ်ဆောင်လာမည့်အပြစ်ဖြစ်သည်။

ရင်ခွဲစစ်ဆေးခြင်းလုပ်ငန်းစဉ်သည် တစ်နာရီကျော်ကြာမြင့်ပြီး လူတိုင်းက အလွန်စိတ်လှုပ်ရှားစွာ စောင့်ဆိုင်း​နေကြသည်။ လီချန်းလဲ့သည် သူမ၏လက်ကိုင်ပုဝါကို တစ်ချိန်လုံးဆုပ်ကိုင်ထားပြီး စကားတစ်ခွန်းမှမပြောဘဲ ခေါင်းငုံ့ကာ ကြောက်ရွံ့မှုများစွာကို ပြသနေသည်မှာ ထင်ရှားနေသည်။ ကျောင်းရွှီနှင့် အခြားလူများအတွက်တော့ သူတို့အားလုံးက တည်ငြိမ်နေပုံရသည်။

နောက်ဆုံးတွင် စစ်ဆေးသူကထွက်လာပြီး လျောင်ချန်ချင်းအား

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now