132.1.ကြီးကျယ်ခမ်းနား​သော​နေ့

2K 303 7
                                    

ညဉ့်နက်သန်းခေါင်တွင် ခြေသံများ တဟုန်ထိုးတိုးထွက်လာကာ ငြင်းခုံသံများပါ ထွက်ပေါ်လာသည်။ အပြင်မှာ ငြိမ်သက်နေသဖြင့် ဒီအသံ​တွေကိုကြားရတာ အထူးပဲကြည်လင်​နေတယ်။ လီ​ဝေ့ရန်သည် ချက်ချင်းပင် ​အိပ်ချင်​ပြေသွားပြီး အမှောင်ညတွင် မျက်လုံးများဖွင့်ကာ အပြင်ဘက် လှုပ်ရှားမှုကိုကြည့်လိုက်မိသည်။

​ကျောက်ယွဲ့၏အသံသည် တံခါးအဝင်ဝကို ဖြတ်လာ၍

"သခင်မ နေမကောင်းရင် မမ​လေးကို ဘာလို့ ရှာနေတာလဲ? ​ခေါ်ချင်း​ခေါ် သမား​တော်ပဲသွားရှာ​ခေါ်သင့်တယ်!"

"ဒါက ဘယ်မှာအဓိပ္ပာယ်ရှိလို့လဲ? တတိယသခင်မ​လေးကိုတွေ့ဖို့ ငါက ဒီမှာ​တောင် ရောက်နေပြီ! မင်းက ငါ့လမ်းကို ဘယ်လို လုပ်တားမြစ်ရဲရတာလဲ? ထွက်သွားစမ်း!"

ဒါက အထိန်း​တော်ရုန်ရဲ့ အသံပဲ။

လီဝေ့ရန်သည် တစ်ဖက်သို့လှည့်အိပ်လိုက်ပြီး စကားမဆိုပေ။ မိုကျူးသည် အာရုံစူးစိုက်စွာ နားထောင်​နေပြီး အတွင်းခန်းတွင် ဘာလှုပ်ရှားမှုမှမရှိလာသည်မှာ အပြင်မှာဘာတွေပဲဖြစ်နေဖြစ်နေ အခန်းထဲကလူတွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပုံရ​နေသည်။

အထိန်း​တော်ရုန်က "တတိယသခင်မ​လေး၊ သခင်မ နေမကောင်းပါဘူး။ ကျေးဇူးပြုပြီး သူမကိုသွားကြည့်​ပေးပါ!"ဟု​အော်ဟစ်​နေသည်။

အခန်းထဲမှာ လှုပ်ရှားမှုမရှိလာသဖြင့် ​ကျောက်ယွဲ့က အေးတိ​အေးစက်ဖြင့်

"ကျွန်မတို့ သခင်မ​လေးက အိပ်စက်တိုင်း စိတ်တည်ငြိမ်​စေတဲ့ အမွှေးတိုင်ထွန်းညှိ​ပေးဖို့ အမိန့်ပေးထားတယ်။ ဒီအ​မွှေးနံ့သာမျိုးက အရမ်းမွှေးပျံ့ပြီး အိပ်ပျော်ဖို့ သဘာဝအကျကျ အိပ်စက်​စေဖို့ကူညီပေးတာမို့ ရှင့်ရဲ့ခေါ်သံကို မမ​လေးက ဘယ်လိုလုပ်နိုးလာပါ့မလဲ? ရှင် ဒီထက်ပိုပြီး မနှောင့်နှေးသင့်ဘဲ သမား​တော်ကိုပဲရှာသင့်တယ်"

အထိန်း​တော်ရုန်သည် တံခါးဝကို အားအင်အပြည့်ဖြင့်​စောင့်ကြပ်​နေ​သော​ ​ကျောက်ယွဲ့​ကြောင့် လီဝေ့ရန်၏မျက်နှာကိုပင် မမြင်နိုင်သဖြင့် သူမက ဒေါသတကြီးနဲ့

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now