58.ဂုဏ်ပြုညစာစားပွဲ

3.8K 545 37
                                    

လီချန်းလဲ့သည် လှပ​သောအခင်းပေါ်တွင် ဖျားနာစွာလှဲ​နေရင်း သူမ၏မျက်နှာကိုလက်ကိုင်ပုဝါနှင့်ဖုံးအုပ်ထားသည်။

ပထမသခင်မသည် အလျင်အမြန်လမ်းလျှောက်လာပြီး ဒေါသထွက်စွာဖြင့်အော်လိုက်သည်။

“ထစမ်း"

လီချန်းလဲ့သည် အံ့အားသင့်သွားပြီး သတိလက်လွတ် ထထိုင်လိုက်သဖြင့် ပထမသခင်မက လက်ကိုမြှောက်ကာ သူမ၏ပါးအားရိုက်ချလိုက်သည်။

လီချန်းလဲ့၏မျက်နှာပေါ်တွင် လက်ဝါးရာကကွက်ကွက်ကွင်းကွင်းကြီးပေါ်လာပြီး သူမ၏ မျက်လုံးများကပြူးလာကာ ပထမသခင်မကို မယုံနိုင်ဘဲ စိုက်ကြည့်နေမိသည်။

"ရှုံး​နေတဲ့အချိန်မှာတောင် မင်းကအရှုံးသမားကောင်းဖြစ်ရမယ်။ ဒီလိုအပြုအမူတွေမလုပ်စမ်းနဲ့"

ပထမသခင်မ၏အသံသည် ရေခဲကဲ့သို့ အေးစက်​နေသည်။

လီချန်းလဲ့သည် သူမ၏မျက်နှာပေါ်တွင်ပူလောင်နာကျင်မှုကိုသာခံစားရပြီး ချက်ချင်းမျက်ရည်များပိုးပိုး​ပေါက်​ပေါက်စီးကျလာသည်။

"အမေ! အဲ့​ကောင်မက သမီးကိုဥာဏ်ဆင်သွားတယ်! သူမက သမီးကို ​ထောင်​ချောက်ဆင်တယ်!  အ​မေက သမီးအတွက်တရားမျှတမှုရ​အောင်မလုပ်​ပေးနိုင်တာထားပါ​တော့။ အ​မေကသမီးကို ရိုက်​နေတယ်! "

"မင်း အခုထိ သ​ဘောမ​ပေါက်သေးဘူးလား! "

ပထမသခင်မက​အော်ပြန်တယ်။

"ဒူးထောက်စမ်း!"

လီချန်းလဲ့က အံ့သြသွားပြီး ဒူးမထောက်ချင်​ထောက်ချင် ​ထောက်လိုက်သည်။

“မင်းငယ်ရွယ်စဉ်ကတည်းက ငါ့မှာမင်းကိုလက်ထဲမှာဥထားပြီး မင်းကိုကောင်းကင်ကလမင်းကို​တောင်​ပေးဖို့ရည်ရွယ်ခဲ့တာ။ မင်းကို နဂါး​ပေါ်ကိုတက် ဇာမဏီအဖြစ်တက်လှမ်းနိုင်လိမ့်မယ်လို့မျှော်လင့်ရုံနဲ့တင် မင်းရဲ့အစ်ကိုကြီးထက်မင်းကို ငါကပိုမျှော်လင့်ချက်ထားထားတာ” 

ပထမသခင်မက စကားပြောလေလေ သူမပိုဒေါသဖြစ်လာလေလေပင်

"မင်းက ဒီလောက်မိုက်လိမ့်မယ်လို့ ဘယ်သူကထင်ပါ့မလဲ။ သူတစ်ပါးကတွင်းတူးတာကိုကြည့်ပြီး မင်းအဲဒါကိုတည့်တည့်ခုန်ချမိရင်တောင် ငါမင်းကိုအပြစ်မတင်ပါဘူး။ မင်းပြုတ်ကျသွားရင် ပြန်ထပြီးတက်​ပေါ့။ ဒါပေမယ့် မင်းကတွင်းထဲမှာပဲလှဲ​နေပြီး အမှားကို သင်ခန်းစာမယူတတ်ဘူး။ မင်းကရှေ့ဆက်ဖို့ ဘယ်လိုလုပ်ရမှန်းမသိဖြစ်​နေ​တော့ ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေအားလုံးက မင်းကြောင့်ပျက်စီးသွားရပြီ! "

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now