103.1.ဖြုံ​ရ​လောက်​​အောင် အဆိပ်ကိုအသုံးချ

2.7K 411 4
                                    

နဝမကိုယ်လုပ်​တော်ကိုကြည့်ရသည်မှာ သခင်မကြီး​ပြောသည့် မည်သည့်အရာကိုမျှ မကြားမိသလိုပင်။

လီ​​ရှောင်ရန်က မတ်တပ်ရပ်လိုက်ပြီးအေးစက်စွာဖြင့်

"နဝမကိုယ်လုပ်​တော်က အပြစ်ကင်းစင်ဟန်ဆောင်ပြီး မသိကျိုးကျွံလုပ်ပြ​နေတယ် ဆို​တော့ ကျန်တဲ့လူ​တွေက​ရော? မင်းတို့ထဲက ဘယ်သူပဲဖြစ်ဖြစ် တစ်​ယောက်​ယောက်ကများ လိမ်​ပြောတယ်​ဆိုရင် ဘယ်သူမှ အပြစ်က​နေ လွတ်ကင်းမှာမဟုတ်ဘူး!" ဟု​အော်ဟစ်လိုက်သည်။

နဝမကိုယ်လုပ်​တော်၏ဘေးမှအ​စေခံတို့သည် ထိတ်လန့်သွားမိသည်နှင့် တစ်ဆက်တည်း ဒူး​ထောက်ဝပ်တွားလိုက်ကြသည်။

သခင်မကြီးက အမူရာမဲ့စွာဖြင့်

"သူတို့တစ်ခုခုတော့ သိထားမှာပဲ! သူတို့​တွေကိုဆွဲထုတ်သွားပြီး ဝန်မခံမချင်း ကြိမ်ဒဏ်အချက်၁၀၀ရိုက်ကြစမ်း။ ဒါဆိုရင်​ ငါတို့သိလာမှာပဲ"

အ​စေခံများသည် ​ကြောက်ရွံ့မှု​ကြောင့် တုန်ယင်​နေကြသည်။ အပြင်ကအစောင့်တွေက သူတို့ကို ဆွဲထုတ်​သဖြင့် အခန်းတစ်ခုလုံးက ​အော်ဟစ်ငိုယိုသံများက ဝုန်းဒိုင်းကြဲ​နေကြသည်။ ထိုအချိန်​တွင် ဖြူ​ဖျော့​သောမျက်နှာနှင့် ငယ်ရွယ်​သောအ​စေခံမ​လေးက  ရုတ်တရက် အော်ဟစ်ကာဝပ်တွားရင်း ခွင့်လွှတ်မှုကို​တောင်းခံ​တော့တယ်။

"ဒီအ​စေခံက ဝန်ခံဖို့ဆန္ဒရှိပါတယ်! သခင်မကြီး ချမ်းသာ​ပေးပါ။ သခင်ကြီး ချမ်းသာ​ပေးပါ။ နဝမကိုယ်လုပ်​တော်က ဒီအ​စေခံကို ဒီလိုလုပ်ဖို့အမိန့်ပေးခဲ့တာပါ။ ဒီအ​စေခံက နာခံဖို့ကလွဲပြီး အမှန်တကယ် ရွေးချယ်စရာ မရှိခဲ့ပါဘူး။ ဒီအ​စေခံက နဝမကိုယ်လုပ်​တော်ရဲ့အမိန့်ကို မလိုက်နာမိရင်၊ ဒီအ​စေခံကို သေချာပေါက် နှင်ထုတ်ပါလိမ့်မယ်"

လီ​ရှောင်ရန်က သူ့လက်ကို​ဝှေ့ယမ်းလိုက်သည်။ သူတို့အစောင့်တွေက သူမကိုချုပ်ထားရာက​နေ​ဖြေ​လျှော့​ပေးလိုက်တယ်။ အခြား​​သော အ​စေခံများက သူမကို မယုံနိုင်စွာကြည့်မိ​နေသည်။

သခင်မကြီးက သူမကိုကြည့်ပြီး

"သူမက မင်းကိုဘာလုပ်ခိုင်းတာလဲ!" ဟု​မေးလာသည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now