106.2.​ကြောက်ရွံ့မှု​ကြောင့် တုန်လှုပ်

2.8K 425 3
                                    

ကျောင်းယွိလန်က အမြန်ပင်

"ပထမသခင်မ​လေးကို ကျွန်မက ဘယ်လိုလုပ် အန္တရာယ်ပြုဝံ့မှာလဲ? ဒီပျိုနီပန်း​ခေါင်းလိမ်းအဆီကို ဆိုင်မှာ နှစ်တိုင်းလိုလို စိတ်ကြိုက်ဖန်တီးပြီးအပ်တာပါ။ အိမ်​တော်ခြံဝင်းတွေအားလုံးကိုဖြန့်ဝေပေးပြီး ပုလင်း၂ပုလင်းတောင် ကျွန်မရဲ့အိမ်​တော်ဝင်းမှာ ရှိပါ​သေးတယ်။ ဝေ့ရန်နဲ့ ချန်း​ရှောင်။ ဟုတ်တယ်။ ကျွန်မ သူတို့ကိုတောင်ပို့ပြီးသွားပြီ။ ဟုတ်သား ဝေ့ရန်၊ ကျွန်မက သူမကို နွယ်သာကီအဆီပို့ပေးလိုက်တာပါ။ ချန်း​ရှောင်က စံပယ်အဆီ။ ဒါပေမယ့် ဒါတွေအားလုံးကို ကျွန်မက ဘယ်လိုလုပ်အဆိပ်ထည့်နိုင်ပါ့မလဲ!”

ကျောင်းနန်၏မျက်နှာသည် ပြောင်းလဲသွားသည်။ ခေါင်းလိမ်းဆီပို့တဲ့သူက ကျောင်းယွိလန်ဖြစ်နေလိမ့်မယ်လို့ သူက မမျှော်လင့်ထားမိဘူး။ ဒါက ရယ်စရာကောင်းလွန်းတယ်လေ! ဒီလိုဆိုရင်​ ကျောင်းယွိလန်က လီချန်းလဲ့ကို အန္တရာယ်ပြုတယ်ဆိုရင်​တောင် သူကဘယ်တော့မှ ယုံကြည်နိုင်မှာမဟုတ်ဘူး။ ကျောင်းယွိလန်ကသာ သာမန်မေ​မေ​လေးသာဖြစ်ပါက၊ မိမိကလေး၏ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို ခိုးယူမည်ကို စိုးရိမ်သောကြောင့် ဇနီးဟောင်းမှကျန်ရစ်သော ကလေးများအား မုန်းတီးမိမည်ဖြစ်သည်။ သို့သော် ကျောင်းယွိလန်သည် ကျောင်းမိသားစုမှဖြစ်ပြီး သူမ၏ဖခင်သည် ကျောင်းရွှီ၏အာဏာကို အားကိုးနေရသည်။ သူမသာ လီမိသားစုတွင်ခိုင်မာစွာရပ်တည်လိုပါက လီချန်းလဲ့နှင့် မဟာမိတ်မဖွဲ့ဘူးဆိုတာက မဖြစ်နိုင်ပေ။ သူမရဲ့လက်တွေကို သူမကဘယ်လိုလုပ်ချိုးပစ်နိုင်မှာလဲ! ဒီတော့ တစ်နည်းအားဖြင့် တစ်စုံတစ်ယောက်က အဲဒါကို ခိုးယူလုပ်ကြံခဲ့တာပဲဖြစ်ရမယ်?! သူက

"ဒါတစ်​ယောက်ယောက်ကများ ဝင်​နှောက်တာဖြစ်နိုင်မလား?"

ကျောင်းယွိလန်၏မျက်နှာသည် ပို၍ဖြူဖျော့ဖျော့ဖြစ်လာသည်။ သူမက ကမန်းကတန်းပင်

“ဟုတ်မယ်! တစ်စုံတစ်ယောက် က အဲဒါကို ဝင်ဖျက်ဆီးခဲ့တာဖြစ်မယ်!”

ထိုအချိန်တွင် လီ​ရှောင်ရန်လည်း နားလည်သဘောပေါက်သော်လည်း ကျောင်းနန်ကို လွယ်လွယ်ကူကူ မလွှတ်ပေးနိုင်သဖြင့်

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now