39.လျှို့ဝှက်စွာ ပူး​ပေါင်းလိမ်ညာ

3.5K 469 1
                                    

ပိုင်ကျီနဲ့ဇီယန်တို့ တစ်ယောက်​ပြီးတစ်​​ယောက် အိမ်ခန်းထဲသို့ ၀င်လာကြ​​သော်လည်း လီ​ဝေ့ရန်က ဇီယန်ကိုဂရုမစိုက်ဘဲ ပိုင်ကျီကိုသာ စကားပြောသည်။

"ငါအပြစ်​ပေးတာ သိပ်ကြမ်းသွားတယ်လို့ မင်းထင်လား"

ပိုင်ကျီက စဉ်းစားလိုက်ပြီး

"ဒီအိမ်​တော်မှာက စည်းကမ်း​တွေရှိရတာပဲ။ မမ​လေးလုပ်တာမှန်ပါတယ်"

လီ​ဝေ့ရန်က ပြုံးလိုက်ပြီး

"ငါလီအိမ်​တော်ကိုလာတုန်းက မင်းတို့၂ယောက်ကိုပါ ငါခေါ်လာခဲ့တယ်။ မင်းတို့သာ အလုပ်ကောင်းကောင်းလုပ်ပြနိုင်တယ်ဆိုရင် ငါဂုဏ်ယူဝံ့ကြွားနိုင်တယ်။ မင်းတို့သာ စည်းအပြင်ဘက်​ကျော်သွားပြီး အမှားအယွင်းလုပ်မယ်ဆိုရင်​တော့ ငါ့မျက်နှာပျက်ရလိမ့်မယ်။ ငါ့အနားမှာ​နေရင် လုံ့လဝီရိယစိုက်ထုတ်တာအပြင် မင်းတို့​တွေ သစ္စာရှိဖို့လည်းလိုတယ်။ မင်းတို့ကသာ ဒီ၂ခုကို​တောင်မလိုက်နာနိုင်ရင် ငါမင်းတို့ကို ဖိင်ချန်ဆီ ပြန်ပို့ရလိမ့်မယ်"

ပိုင်ကျီက "ဟုတ်ကဲ့ပါ" ဆိုတဲ့အ​ဖြေကို​ပေးတယ်။ ဇီယန်က အသံတိုးတိုးဖြင့်

"မမ​လေး၊ ကျိန်း​သေ​ပေါက် ဒီအ​စေခံက မမ​လေးအ​ပေါ် သစ္စာရှိပါတယ်"

လီဝေ့ရန်သည် သူမ၏နှလုံးသားတွင်း၌ သက်ပြင်းချလိုက်မိသည်။ ဇီယန်တစ်​ယောက် မလိုအပ်သောအတွေးများကို​တွေးခြင်းကို သူမက မလိုလားပေ။ သူမသည် အထိန်း​တော်လျူ၏ ကိစ္စကို ဇီယန်အားသတိပေးရန် အသုံးချခဲ့သော်လည်း အကျိုးသက်ရောက်မှုကိုမဆုံးဖြတ်နိုင်ဖြစ်​နေသည်။

၃ရက်ကြာသောအခါ နံနက်ခင်းတစ်ခုတွင် ဇီယန်သည် နံနက်စာကိုယူဆောင်လာပြီး စားပွဲဝိုင်းကိုပြင်ဆင်လိုက်သည်။

လီ​ဝေ့ရန်က သူမကို မသိမသာတစ်ချက်ကြည့်လိုက်သည်။

ဇီယန်သည် လှပစွာ​မွေးဖွားလာသူပင်။ ​ရေကဲ့သို့ကြည်လင်​သော ဗာဒံစေ့လိုမျက်ဝန်းတစ်စုံ၊ ကြာဖူးကဲ့သို့မျက်နှာ၊ မသိမသာ ရဲတက်​နေ​သော ပါးမို့မို့​လေးနှင့်အနီဖျော့ဖျော့၀တ်စုံကို ၀တ်ဆင်ထားသည်။ သူမ၏ပုခုံးလုံးလုံး​လေးနှင့် ​သေးသွယ်​သောခါး​လေးသည် လူ​တွေ၏မျက်စိကို ဖမ်းစားနိုင်သည်ပင်။ လီဝေ့ရန်သည် နုံအသည့် ၁၃ နှစ်အရွယ်မိန်းကလေးသာဖြစ်မယ်ဆိုရင် ဒါကို သဘာဝကျကျ ဘာမျှမမှားဟုထင်မည်ဖြစ်သော်လည်း သူမ၏စိတ်သည် အသက်၃၀ကျော်နေပြီဖြစ်သော​ကြောင့် သူမရှေ့တွင်ရှိ​နေ​သော ဒီကောင်မလေး၏အပြောင်းအလဲကို မသိနိုင်စရာအ​ကြောင်းမရှိ​ပေ။ သူမ၏မျက်နှာပေါ်တွင် ဘာအမူအရာမှမပြသပဲ သာမန်လေသံဖြင့်

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now