108.2.အဆုံးထိပုပ်ပွ

2.7K 437 14
                                    

လီ​ဝေ့ရန်က ပြန်မ​ပြောဘဲမ​နေနိုင်ဘဲ

"လီချန်းလဲ့လား? ပျားအုံတဲ့လား? ကောင်းသားပဲ။ အဲဒါက သင့်လျော်တဲ့ ဖော်ပြချက်တစ်ခုပဲ​။ ဒါပေမယ့် မင်ကျီ​လေးအတွက်ကြောင့်သာဆိုရင် နောက်တစ်ကြိမ် ဒီလိုထပ်ဖြစ်မယ်ဆိုရင်​တောင် တို့က ပျားအုံကိုတုတ်နဲ့ထိုးနေဦးမှာပဲ"

လီမင်တိ၏လက်ချောင်းထိပ်မှာ တွန့်​ကွေးသွားပြီး ပေါ့ပေါ့ပါးပါးရယ်မောရင်း သူမ၏နှုတ်ခမ်း​ပေါ်တင်လိုက်သည်။ လီ​ဝေ့ရန်က သူ့ကို ထူးဆန်းစွာကြည့်နေမိသည်။

တစ်နှစ်ခွဲ​လောက်ပဲကြာ​သေးတာ​ကို။ သူ၏ တတိယအစ်မဖြစ်​သော—သူမသည် မျက်ခုံးပင့်၍ မတ်တပ်ထရပ်ကာ တစ်ချိန်က ငယ်ရွယ်​သေး​သောကောင်​လေးကို ကြည့်​နေမိသည်။

လီမင်တိသည် ယခင်ကနှင့်မတူဘဲ ဒီနေ့​တော့ ခန့်ညားပြေပြစ်ပြီး အထက်တန်းကျစွာဝတ်ဆင်ထားသည်။ ပိုးသားအတွင်း၀တ်ရုံကို ရွှေချည်ဖြင့်ယက်ထားပြီး အပြာနုရောင်အပြင်ဘက်၀တ်စုံနှင့်တွဲဝတ်ထားသည်။ သူ၏အနက်ရောင်ဆံပင်တွေကို ထိပ်မှာ မြင့်မြင့်ထုံးစည်းထားပြီး ကျန်ဆံပင်များကို ပုခုံး​နောက်​တွင်ချထား​သောကြောင့် သူ့အသွင်အပြင်က ထူးခြားကြည့်​ကောင်း​နေတယ်။ သူ့မျက်နှာက ​ယောကျာ်းပီသစွာချောမော​နေပြီး၊ သူ့မျက်ဝန်းတွေက ကြည်ကြည်လင်လင်နဲ့ တောက်ပနေကာ ရှည်လျား​သော နှာတံအောက်ကနှုတ်ခမ်းတွေက နွေးထွေးတဲ့အပြုံးနဲ့ ပွင့်လင်းစွာကွေးညွှတ်​တောက်ပနေတယ်။ သူ့မျက်နှာတွင် ဖုန်မှုန့်လေး​တွေ​ပေကျံ​နေသလို အနည်းငယ်နှင်းဆီ​ရောင်သန်း​နေသည်။ သူ့ခါးမှာ ချိတ်ဆွဲထားတဲ့ ဓားမြှောင်နဲ့ ကျောက်စိမ်းအဆင်တန်ဆာတွေ​ကြောင့် ဂုဏ်​မောက်ပြီး ချောမောခန့်ညားတဲ့အသွင်ဖြစ်​နေသည်။

"မင်း ဒီနေ့ဘာလို့ဒီလို​တွေဝတ်ထားတာလဲ" ဟု လီ​ဝေ့ရန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ သူမသည် လီချန်းလဲ့ ရုတ်တရတ် ဘယ်လိုနေပြန်ကောင်းလာသလဲဆိုတာကို ကြာကြာစိတ်မ၀င်စားနိုင်တော့​ပေ။

လီမင်တိက ရယ်​မောပြီး အလေးအနက်ပြန်ပြောသည်က

"ကျွန်​တော် ဒီ​နေ့ မမနဲ့အတူ ပွဲအခမ်းအနားသွားမယ်"

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now