67.2.သေလု​မျောပါး

4.4K 620 43
                                    

တတိယသခင်မကမူးမေ့လဲသွားသည်ပေါ့။ လီ​ဝေ့ရန်သည် ထိတ်လန့်သွားပြီး​နောက် ဘာ့ကြောင့်မှန်း သေချာမသိသော်လည်း       ရုတ်တရက်ပင် နိမိတ်မကောင်းသောခံစားချက်တစ်ခုက သူမအပေါ်လွှမ်းမိုးလာသလိုခံစားရသည်။

တတိယသခင်မသည် ရောဂါကူးစက်ခံရခြင်းဖြစ်သည်။ ဒါကကပ်​ရောဂါပဲကူးစက်ခံရတာပဲ။

သခင်မကြီးက သတင်းကြားကြားချင်းပင် တတိယသခင်မထံ ၂ကြိမ်တိုင်တိုင်ကိုယ်တိုင်သွား​ရောက်ကြည့်ရူပြီး​နောက် တတိယသခင်မမြန်မြန်နေပြန်ကောင်းလာစေရန် နာမည်ကျော်သမား​တော်တစ်ဦးကိုခေါ်ယူ​စေ၍ ကုသမှုခံယူစေသည်။ လီမင်တိသည်လည်း သူ၏အမေအနားမှာနေ့ရောညပါနေထိုင်ပြုစု​ပေးခဲ့သည်။ လီ​ဝေ့ရန်ကသူရောဂါကူးစက်ခံရမှာစိုးရိမ်သဖြင့် သူ့ကိုအနားယူခိုင်းဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် သူကဒါကိုငြင်းဆန်နေဆဲပင်။

လီ​ဝေ့ရန်လည်းမတတ်သာတော့ပဲ တတိယသခင်မမြန်မြန် နေပြန်ကောင်းလာဖို့ကိုသာတိတ်တိတ်လေးမျှော်လင့်နေမိသည်။

ရိုးရှင်း​သောမီးခိုးရောင်အုတ်ကြွပ်သကဲ့သို့ပင် လီဝေ့ရန်၏မျက်နှာသည် အမြဲတမ်းလေးလံနေထိုင်းမှိုင်း​​နေသည်ပင်။ သမား​တော်ကတတိယသခင်မ၏အခြေအနေက တိုးတက်ကောင်းမွန်ကြောင်းထပ်တလဲလဲပြောနေသော်လည်းသိပ်ကြာခင်တွင် နှစ်ကုန်ရောက်​တော့မည်ဖြစ်​ပေမယ့် တတိယသခင်မ၏အခြေအနေသာ အမှန်တကယ်ပဲတိုးတက်လာတယ်ဆိုလျှင် ဘာ​ကြောင့် သူမကအခုထိနလန်မထူနိုင်​သေးရတာလဲ။

အခန်းထဲရှိပြတင်းပေါက်အားလုံးကိုထူထဲ​သောလိုက်ကာစများဖြင့်ဖုံးအုပ်ထားသဖြင့်အပြင်ဘက်မှနေရောင်ခြည်သည်ကန့်လန့်ကာအတွင်းကိုဖြတ်၍သိပ်မ၀င်လာနိုင်​စေပဲ အခန်းကိုမြင်ရသည်မှာ မှေးမှိန်သွားစေသည်။

ပြတင်းပေါက်နှင့်မနီးမဝေးတွင် စောင်းတစ်လက်(ကုချင်း)ကို​ထောင်ထားသော်လည်း ဘယ်သူမှမထိမကိုင်တာကြာ​နေပြီဖြစ်​သော သက်​သေအဖြစ်ဖုန်မှုန့်များစွာကရှိနေသည်။

လီ​ဝေ့ရန်၀င်လာသည်ကိုမြင်သောအခါ လီမင်တိသည် ဘေးမှကုလားထိုင်တစ်လုံးတွင်ထိုင်​နေရာမှထလိုက်သည်။ အခန်း၏​မှေးမှိန်​သော အ​ရောင်​အောက်တွင် သူ၏မျက်နှာသည်ဖြူ​ဖျော့​နေသည်။ သူ၏စူးရှသောမျက်ဝန်းများတွင် ဘယ်အချိန်ကတည်းကမှန်းမသိဖြစ်​ပေါ်​နေ​သော မျှော်လင့်ချက်မဲ့သည့်အရိပ်အ​ယောင်ကိုမြင်​နေရသည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now