64.မသိမသာနိမိတ်မ​ကောင်း

4K 531 12
                                    

လီချန်းလဲ့က မျက်မှောင်ကြုတ်ပြီးတွန့်ဆုတ်နေတဲ့အမူရာနှင့်

"လွန်ခဲ့တဲ့၁၀ရက်လောက်က ညီမတို့အားလုံးစဉ်းစားကြည့်ပြီးပြီ။ ဒါပေမယ့် အဖေက အစ်ကို့ကိုအနည်းဆုံးတစ်လအထိပိတ်ထားချင်တုန်းဘဲ"

"မဖြစ်နိုင်တာ!" လီမင်ဖန်ကအသံကျယ်ကျယ်ဖြင့်

"ကျွန်​တော်က အဖေရဲ့အချစ်ဆုံးသား၊ သူကကျွန်​တော့်ကိုဘယ်လိုလုပ် ဒီလိုလုပ်နိုင်တာလဲ"

သူဘာလုပ်ရမှန်းမသိပဲ သူ့မျက်လုံးတွေက မသက်မသာခံစားရမှု​ကြောင့် စူးရှလာပြီး ကြွေကျလာ​တော့မယ့်သစ်ရွက်ကဲ့သို့ လှုပ်ယမ်းနေသည်။

လီချန်းလဲ့က

"အစ်ကိုကြီး၊ အဖေကအရမ်းဒေါသထွက်နေတယ်။ လူတိုင်းက မကြာသေးခင်ကဒီကိစ္စကို ပြောဆ်ုဆွေးနွေးနေကြတာ​လေ။ အဖေက ဂုဏ်သတင်းကိုအမြဲတန်ဖိုးထားတယ့်လူဆို​တော့ အစ်ကိုလုပ်ခဲ့တဲ့လုပ်ရက်ကို မခံမရပ်နိုင်ဖြစ်​နေတယ်"

"ဘာပဲမင်းကြားရကြားရ၊ အရာအားလုံးက အလိမ်အညာဆိုတာပဲ ကျုပ်မင်းကိုပြောနိုင်တယ်။ သေချာ​ပေါက် အ​လောင်းဖြစ်​နေတာကို သူ့ဘာသာသူ ဇီးပန်းပင်ပေါ်ကို ဘယ်လိုလုပ်ပြေးတက်ပြီး ချိတ်ဆွဲနေနိုင်ရမှာလဲ။ အဲဒါတွေအကုန်လုံးကိုကြံစည်ခဲ့တာ လီဝေ့ရန်ဆိုတဲ့ ခွေးမပဲ​နေမှာ၊ ဒီကောင်မနဲ့ကျုပ် မကြာခင် ရှင်းရလိမ့်မယ်"

သူသည် လီချန်းလဲ့၏ပခုံးကိုကိုင်ကာသူမကိုခွန်အားရှိသမျှနှင့်လှုပ်ယမ်းကာ အလွန်အော်ဟစ်​နေသည်။ သူ၏ချောမောခန့်ညားသောမျက်နှာသည်ကား လုံးဝပျောက်ကွယ်နေပြီဖြစ်သည်။

လီချန်းလဲ့သည် အံ့သြသွားပြီး ပုံမှန်မဟုတ်သောကြောက်ရွံ့မှုကိုခံစားနေမိသည်။ လီမင်ဖန်၏ မျက်နှာသည် သေတော့မယ့်သားရဲတစ်ကောင်၏အဖြစ်ကိုသတိရ​စေပြီး သူသည်တည်ငြိမ်မှုပျောက်ဆုံးနေပြီဖြစ်သည်။

ပထမသခင်မက ရှေ့သို့အမြန်ပြေးသွားပြီး လီမင်ဖန်ကိုအညှာအတာမဲ့စွာပါးရိုက်ချလိုက်သည်။

"ငါက မင်းကိုသတိရှိစေချင်တာ။ မင်းကဒီလိုစိတ်မြန်လက်မြန်ဖြစ်​နေရင် လီ​ဝေ့ရန်ရဲ့ ထောင်ချောက်ထဲကျသွားလိမ့်မယ်။ သူမက အခုအချိန်မှာ အမှောင်ထဲသေချာပုန်းအောင်းနေပြီး၊ ငါတို့​တွေ ခက်ခဲနေတဲ့အချိန်မှာ ကျရှုံးရင်း ရူးသွပ်သွားတာကို​စောင့်ကြည့်​နေမှာ"

လီ​ဝေ့ရန် (ပထမတွဲ) UnicodeNơi câu chuyện tồn tại. Hãy khám phá bây giờ