98.ယခင်ကထက်ပိုနီးကပ်

3.4K 453 19
                                    

(T/N: paid gpဝင်ထားတဲ့လူ​လေး​တွေ တစ်ချက်​လောက်ဖတ်​ပေးပါ​နော်။ အိုင့်ဆီမှာpaid gpဝင်ပြီး အဆင်မ​ပြေရင် ချက်ချင်းလာ​ပြောကြပါ​နော်။ ဟိုတစ်​နေ့က viberက​နေ ဆက်သွယ်ပြီး ၃လစာ ကြိုလွှဲသွား​ပေမယ့် အိုင့်လက်က​​ချော်ပြီးreport or spam msgကိုနှိပ်လိုက်မိလို့auto blockဖြစ်သွားပြီး unblock​​ဖြေလိုက်​ပေမယ့် chatတစ်ခုလုံး​ပျောက်သွားလို့ ဆက်သွယ်မရဖြစ်​နေလို့ပါ။ ဒါ​လေးမြင်ရင် တစ်ချက်လာဆက်သွယ်​ပေးပါဦး။ ကျန်တဲ့ လူ​​တွေလည်းpaid gpဝင်ထားထားမထားထား အဆင်မ​ပြေတာရှိရင်အချိန်မ​ရွေးလာဆက်သွယ်အကြံ​ပေးလို့ရပါတယ်​နော်)

လီဝေ့ရန်သည် ထိုနေ့က ​ကျောင်းနယ်စားသခင်မကြီးနှင့် ​ကျောင်းပထမသခင်မတို့ဘာလုပ်ခဲ့သည်ကို သိချင်သော်လည်း သခင်မကြီးသည် ​ဝေ့လည်​ကြောင်ပတ်လုပ်နေပြီး တစ်စုံတစ်ရာကို ထုတ်​ပြောခြင်းမရှိပေ။ လီဝေ့ရန်သည် မှန်းဆမရသောလူများနှင့် အခြေအနေများကို မကြိုက်ဆုံးဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ စိတ်မကြည်သာဖြစ်​နေသည်။

လဝက်ကြာသော တစ်မနက်တွင် လီဝေ့ရန်သည် သခင်မကြီးအား ဆုမွန်ကောင်း တောင်း​ပေးရန် သွားခဲ့သည်။ ခဏကြာ စကားပြောကြပြီးနောက် သခင်မကြီးသည် သူမ၏လက်ဖက်ရည်ခွက်ကို ဖြည်းညှင်းစွာချကာ

"ဝေ့ရန်၊ ငါမင်းကို ပြောစရာတစ်ခုရှိတယ်"

လီ​ဝေ့ရန်က ပြုံးကာခေါင်းညိတ်လိုက်ပြီး

"​ပြောပါ ဘွားဘွား"

သခင်မကြီးက

“အမှန်တော့ ဒါက ကြီးကြီးမားမားတော့ မဟုတ်ပါဘူးကွယ်။ မင်းရဲ့အ​ဖေကို နောက်အိမ်ထောင်ပြု​ပေးဖို့ ငါစီစဉ်ထားတယ်" 

လီ​​ရှောင်ရန်၏ဇနီးအသစ်အ​ကြောင်းကိုသားသမီးများအား သူမကပြောစရာ မလိုသော်လည်း လီ​ဝေ့ရန်က​တော့မတူ​ဘူး​လေ။  ကိစ္စတစ်ခုခုဖြစ်​ပေါ်သည့်အခါတိုင်း သခင်မကြီးက သူမနှင့်စကားပြောချင်မိသည်။

လီ​​ရှောင်ရန်၏ဇနီးသည် သေဆုံးသွားသောကြောင့် သဘာဝကျစွာပင် သူကအခြားသူနှင့် လက်ထပ်ရမည်ဖြစ်သည်။ နဝမကိုယ်လုပ်​တော်ပဲဖြစ်ဖြစ်၊ စတုတ္တကိုယ်လုပ်​တော်ပဲဖြစ်ဖြစ် သူမတို့နှစ်ယောက်စလုံးက လွန်ခဲ့တဲ့နှစ်တွေက အမြဲတမ်း မျက်နှာသာပေးခံခဲ့ကြရ​ပေမယ့်ပြီး ပထမသခင်မတစ်​ယောက်ဖြစ်လာဖို့ ဘယ်သူမှာမှ အခွင့်အရေး မရှိ​ပေ။ သူမတို့ရရှိခဲ့တဲ့ မျက်နှာသာ​ပေးခံရမှုနဲ့ သားသမီးတွေနဲ့ ဘာမှကိုမဆိုင်ပါဘူး။ ရိုးရိုးရှင်းရှင်းပင် ဒါက သူတို့ရဲ့အဆင့်အတန်းဖြစ်သည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now