90.သတိမမူဂူမမြင်

3.8K 499 21
                                    

(ခေါင်းစဥ်အမှန်က တရုတ်စကားပုံဖြစ်တဲ့ ပိုးဖလံကိုပုစဥ်းရင်ကွဲက​ချောင်း​မြောင်းပါ။ အဓိပ္ပါယ်က ပိုးဖလံကိုပဲပုစဥ်းရင်ကွဲက စားဖို့​ချောင်း​မြောင်းနေ​ပေမယ့် ပုစဥ်းရင်ကွဲကို စားဖို့ကြည့်​နေတဲ့ငှက်ကလည်းရှိ​နေပါတယ်။ တစ်ခုခုကိုအာရုံစိုက်​နေတာ​ကြောင့် ကိုယ့်ကိုအန္တရာယ်ဖြစ်​စေမယ့်အရာ​တွေကိုသတိမပြုမိဘူးလို့ဆိုလိုတာပါ။ ဒါ​ကြောင့်​ခေါင်းစဥ်ကို အနီးစပ်ဆုံး သတိမမူဂူမမြင်လို့​ပေးလိုက်တာပါ။ ခေါင်းစဥ်​တွေက ဝထ္ထုမှာပါတဲ့အ​ကြောင်းအရာ​တွေကို သက်​ရောက်မှုရှိပါတယ်။ ဒီအပိုင်းမှာလည်း ဘယ်သူ​တွေကသတိမမူဖြစ်ကြမလဲဆိုတာဖတ်ကြည့်ကြပါဦး)

ထို့နောက် သူသည် ရုတ်တရတ်မတ်တပ်ထရပ်ကာ ဝင်လာသူ၏လည်ပင်းကို ဓါးဖြင့်​ထောက်ထား​လေရာ ကျိုးအာ၏မျက်နှာသည် ဖြူဖျော့သွားပြီး

"အရှင့်သား....ဒီအ​စေခံက လက်ဖက်ရည်ဗန်းလေးယူဖို့ မေ့သွားမိလို့ပါ..."

ခုနကပင် သူမသည် ထော့ပါကျန်းဆီကကျောက်စိမ်းဆွဲပြားကိုရရှိခဲ့သဖြင့် အရမ်းအ​ပျော်လွန်သွားပြီး ဗန်းယူဖို့မေ့သွားခဲ့ခြင်းဖြစ်သည်။ သေချာ​ပေါက်ကိုပင်၊ သူမပြန်သွားတဲ့အခါ နန်း​တော်ဘဏ္ဍာထိန်းကို ဒီလို​မေ့သွားတာကိုအ​ကြောင်းပြရှင်းပြလို့မရဘူးလေ။ ထော့ပါကျန်းကိုကြည့်ရသည်မှာ စိတ်အေးလက်​အေးဖြစ်သွားပုံရ​တော့ ကျိုးအာကသက်ပြင်းချလိုက်မိသည်။ အရှင့်သားကိုကြည့်ရတာ သူမကို သဘောကျပုံရပြီး သူမကိုဘာမှလုပ်မှာမဟုတ်လောက်ပါဘူးပေါ့။ ဒါပေမယ့် နောက်အခိုက်အတန့်လေးမှာတော့ ထော့ပါကျန်း၏ လက်တစ်​ချက်အ​ဝှေ့တွင် သူမ၏ခေါင်းကပြုတ်ကျသွားရ​တော့သည်။ သူမ​၏အမူအရာသည်တုန်လှုပ်ခြောက်ခြားနေဆဲဖြစ်ရာ မြင်ကွင်းသည်အလွန်ကြောက်စရာကောင်းနေသည်။

"သူမကိုဆွဲထုတ်သွားလိုက်"

ထော့ပါကျန်းသည် ကြမ်းပြင်တစ်ခုလုံးရှိ ပေ​ရေ​နေ​သောသွေးများကိုကြည့်ကာ ရွံရှာမှုကိုသာခံစားလိုက်ရသည်။

န​မော်နမဲ့မိန်းမတစ်​ယောက်ကများ တကယ်ကြီး သူမကိုယ်သူမ လီ​ဝေ့ရန်နဲ့နှိုင်းယှဥ်ချင်​နေသေးသည်။ လီ​ဝေ့ရန်သည် သူမ၏အလှအပကြောင့် သူ့အာရုံကို ဆွဲဆောင်နိုင်ခဲ့ခြင်းမဟုတ်ပေ။ သူသ​ဘောကျတာက သူမရဲ့ထူးခြားတဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ လိမ်မာပါးနပ်မှုပင်။ သူမရဲ့အထက်စီးဆန်မှုသည်ကိုကလည်း သူ့အတွက် သူမတူတဲ့အရသာတစ်မျိုးဖြစ်​နေသည်မဟုတ်လား။ ဆန့်ကျင်ဘက်အနေနှင့် ကျိုးအာသည် ရုပ်သွင်သာတူပြီး ထိုစိတ်နှင့်ကိုယ်ရည်ကိုယ်သွေးမရှိသောကြောင့် အရုပ်တစ်ရုပ်မျှသာဖြစ်သည်။ ထော့ပါကျန်းသည် အသက်​ပျောက်သွား​သောမျက်နှာကိုတစ်ချက်ကြည့်လိုက်သည်။ သူမ၏ လီ​ဝေ့ရန်နှင့်ရုပ်ရည်ဆင်တူသည့်မျက်နှာကိုကြည့်ပြီးသူ့အကြည့်သည် ဓားတစ်ချောင်းကဲ့သို့ တဖြည်းဖြည်းစူးရှလာပြီး တဖြည်းဖြည်းတင်းမာလာလေသည်။ ယခုအချိန်တွင် သူသည် လီ​ဝေ့ရန်ကို ထူးဆန်းစွာမုန်းတီးနေမိသည်။ သူမကို အမုန်းဆုံးအရာက​တော့ သူမသည်အခြားယောက်ျားများကိုကြည့်ခြင်းဖြစ်သည်။ ယခုအခါသူသည် အာဏာ၏အရေးပါမှုကို ပို၍ပို၍သဘောပေါက်လာမိသည်။ နောင်တစ်ချိန်တွင် သူသည်​လောကကြီးကိုအုပ်စိုးခွင့်ရပါက လောကတစ်ခွင်လုံးကို လှည့်ပတ်ရှာ​ဖွေရမည်ဆိုလျှင်ပင် ဘာမဆိုသူ့စိတ်ကြိုက်ဖြစ်လာ​စေရမည်ဟု သူ့စိတ်ထဲတွင် တိတ်တဆိတ်ဆုံးဖြတ်ချက်ချလိုက်သည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now