102.2.အကြီးအကျယ်ရှုပ်​ထွေးရ

2.5K 421 14
                                    

သခင်မကြီးသည် မင်ကျီနှင့်အတူ ထွက်ခွာသွားသည်။ ကျောင်းယွိလန်သည် သူမ၏ခန္ဓာကိုယ် ကလျော့ရဲသွားသလို ခံစားလိုက်ရပြီး အထိန်း​တော်ရုန်ကို မှီထားရသည်။

အထိန်း​တော်ရုန်က ပ​ဟေဠိဖြစ်​နေသည်။ သူမက နားမလည်နိုင်ပေ။ သခင်မသည် ကလေးကို ဂရုတစိုက်ပြုစုစောင့်ရှောက်ခဲ့တာပဲ​လေ။ ဒါက ဘယ်လိုဖြစ်သွားတာလဲ? သူမက ကျောင်းယွိလန်ကိုထိုင်ရန် အမြန်ကူညီ​ပေးလိုက်ပြီး လက်ဖက်ရည်တစ်ခွက်ယူလာပေးတယ်။ သူမက

“အေးတဲ့ရာသီဥတုဆိုတာမျိုးက ရှောင်လွှဲလို့ မရဘူးလေ။ သခင်မကြီးက သခင်မကို အထင်လွဲသွားတာပါ။ စိတ်ထဲမထားပါနဲ့"

လွန်ခဲ့သည့်အခိုက်အတန့်လေးမှ ထိတ်လန့်တုန်လှုပ်သွားသော ကျောင်းယွိလန်သည် ယခုအခါ ပုံမှန်ပြန်ဖြစ်နေပြီဖြစ်သည်။ သူမက လက်ဖက်ရည်ခွက်ကို ယူလိုက်သော်လည်း မသောက်ပေ။ သူမက ဖြည်းညှင်းစွာမေးသည်က

"ဘာများဖြစ်ခဲ့တာပါလိမ့်"

အထိန်း​တော်ရုန်က တွေးကြည့်ပြီး ခန့်မှန်းသည်က

"ဒါက တတိယသခင်မ​လေးရဲ့ကလေးကို သတ္တမကိုယ်လုပ်​တော်ကို ပြန်ပို့မယ့် အကြံများလား"

ကျောင်းယွိလန်က သူမ၏ခေါင်းကို ခါယမ်းလိုက်ပြီး

"သူမက ကလေးကို ပြန်လိုချင်တယ်လို့ ငါယုံကြည်မိပေမယ့် သူမက လီမင်ကျီကို နာကျင်အောင်လုပ်ဖို့ အဆိပ်ရှိတဲ့အင်းဆက်တွေကိုသုံးမယ်လို့တော့ ငါမယုံကြည်ဘူး။ စောစောက သူမရဲ့မျက်နှာကို မမြင်ဘူးလား။ အံ့သြပြီး ဒေါသတွေ ထွက်နေတယ်လေ!”

အထိန်း​တော်ရုန်က ပိုလို့တောင် စိုးရိမ်လာကာ

"ဒါပေမယ့် ဒီလိုဆိုရင်​တောင် သခင်ကြီးနဲ့ သခင်မကြီးတို့ ပထမဆုံးအပြစ်တင်မယ့်သူက သခင်မကိုပါ။ ကျွန်မတို့ အခုဘာလုပ်ကြမလဲ"

ကျောင်းယွိလန်က ဝမ်းနည်းစွာဖြင့်သက်ပြင်းချလိုက်သည်။ အသစ်စက်စက်ပန်းထိုးချုပ်လုပ်ထား​သော ကလေးအဝတ်အစားအစုံအလင်ကို စေ့စေ့ကြည့်ကာ

“အခုတော့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ ငါ ခံစားနေရ​တော့မယ်။ ငါ့ရဲ့ နာကျည်းမှုတွေကို အသံတောင်ထွက်နိုင်မှာမဟုတ်ဘူး။ မင်ကျီသာ တစ်ခုခုဖြစ်သွားခဲ့ရင် လီ​ဝေ့ရန်နဲ့ သတ္တမကိုယ်လုပ်​တော်က ငါ့ကို သေလောက်​အောင် ဒေါသထွက်သွားမှာကို ငါကြောက်မိတယ်။ ငါက ကလေးကိုအသုံးချရင်း လီ​ဝေ့ရန်ကိုထိန်းချုပ်ချင်ပေမယ့် အခုတော့ ခိုးယူဖို့ကြိုးစားတဲ့ကြက်ကိုဆွယ်ဖို့သုံးတဲ့ဆန် ဆုံးရှုံးလိုက်ရသလိုပဲ”

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now