127.2.ညှင်းပန်းနှိပ်စက်

2.2K 332 6
                                    

လီ​ဝေ့ရန်က သူ့ကို ညင်သာစွာဖြင့်

"ကျောင်းမိသားစုက အသက်ပေါင်းများစွာကို ဆုံးရှုံးစေခဲ့ရတယ်လို့ တို့ပြောခဲ့ပြီးပြီမလား။ ဒီ​တော့ အတိုးနည်းနည်းလောက်တော့ပေးရမှာပေါ့။ ရှင်သွားလို့ရပြီ"

ကျောင်းထျန်က လီ​ဝေ့ရန်ဒေါသဖြစ်လာမှာကိုကြောက်လို့ အပိုမပြောရဲတော့ဘူး။ သူမ၏ချဉ်းကပ်ပုံမှာ ပြောမပြတတ်အောင်ပင်။ သူသာ တစ်ခုခုထပ်​ပြောမိရင် သူ့အသက်ကို မချမ်းသာ​ပေးမှာကို သူကြောက်တယ်။ သူသည် တတိယအစ်ကိုတစ်​ယောက် ယခင်က စစ်ကြောရေးတွင်အကျဉ်းသားတွေကို ညှင်းပန်းတာကို တွေ့ဖူးပြီး အတော်လေး ရက်စက်တယ်လို့ ခံစားခဲ့ရပေမယ့် လီဝေ့ရန်....သူမက သူ့ကိုတောင် သာလွန်သွားပြီ။ သူမရဲ့လက်ထဲကိုကျရောက်သွားလျှင် အသက်ရှင်ရတာကလည်း သေတာထက် ပိုမကောင်းနိုင်​တော့ဘူး။ သူနောင်တရစပြုလာသည်၊ အလေးနက်ကိုနောင်တရနေပြီ! သူဘာလို့ သူမကို ရန်သွားစမိရတာလဲ...

ကျောက်နဥ်သည် လီမင်တိကိုကုသ​ပေးရန်အတွက် ကျောင်းထျန်ကိုအတင်းအကျပ်ခေါ်ထုတ်ရန် သူ့လူများကိုအမိန့်ပေးလိုက်သည်။ ထို့နောက် သူသည် သတိလစ်နေသော ကျောင်းဟွမ်ကိုကြည့်ကာ

"မမ​လေး၊ သူ့ကို​ရော?"

လီ​ဝေ့ရန်က ကျောင်းဟွမ်ကိုကြည့်ပြီး ခနဲ့တဲ့တဲ့ပြုံးကာ

"ဝမ်းကွဲအစ်ကိုကြီးက အ​ချောလှ​လေးတစ်ယောက်အပေါ် နှစ်ခြိုက်နေတယ်လို့ ငါကြားမိတယ်!"

ကျောက်နဥ်သည် လီ​ဝေ့ရန်၏စကားအဓိပ္ပါယ်ကိုနားမလည်ဘဲ စိတ်ရှုပ်ထွေးစွာဖြင့်သာ ကြည့်နေလေသည်။ လီ​ဝေ့ရန်က သက်ပြင်းချလိုက်ပြီး

"မင်းသိဖို့ မလိုဘူး။ ငါ့ရဲ့ ညွှန်ကြားချက်ကိုပဲ လိုက်နာ"

"ဟုတ်ကဲ့ပါ"

အခြားအခန်းတွင်၊ ကျောင်းထျန်သည် လီမင်တိကို မကုသမီ သန့်ရှင်းသောအ၀တ်အစားများကို လဲလှယ်လိုက်သည်။ သူက ရောဂါကိုရှာဖွေပေးပြီး ဆေးညွှန်းညွှန်ပြီးတာနဲ့ လီဝေ့ရန်က သူ့နောက်မှာရပ်နေတာကို ထိတ်လန့်တကြားလှည့်ကြည့်လိုက်မိတယ်။ သို့သော် လီဝေ့ရန်၏အေးဆေးတည်ငြိမ်သောအမူအရာနှင့်လူသတ်ရန်ရည်ရွယ်ချက် ကင်းမဲ့နေသည်ကို မြင်လိုက်ရသဖြင့် နောက်ဆုံးတွင် သူသည် စကားစ​ပြောရ​တော့သည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now