12.ကျွမ်းကျင်လိမ်မာစွာ လက်ဖက်ရည်နှပ်

4.2K 531 2
                                    

သူမ၏အဖြတ်ခံရသော ခြေထောက်များမှသွေးများတ​လ​​ဟောကျလာရင်း နေ့စဉ်နှင့်အမျှညှဉ်းပန်းနှိပ်စက်ခြင်းခံရပြီး အမှောင်ထု​အောက် ၌ဖုံးလွှမ်းခံ​နေရသည်။

လီဝေ့ရန်သည် အေးစက်သောချွေးများဖြင့် ရွှဲနစ်ကာ အိပ်မက်ဆိုးမှလန့်နိုးလာသည်။ သူမ၏ အဝတ်အစားများနှင့်စောင်များတောင်မှ ချွေးများဖြင့်စွတ်စိုနေခဲ့တယ်။

ပိုင်ကျီက အပြာရောင်ခန်းဆီးစကို မြှောက်ပြီး အသံတိုးတိုး​လေးနဲ့လာမ​မေးမချင်း သူမက ထိတ်လန့်​နေခဲ့တာပင်။

"တတိယမမ​လေး၊ အဆင်​ပြေရဲ့လားဟင်"

လီဝေ့ရန်သည် သူမ၏အထက်တန်းစားအိပ်ရာကိုအလိုလိုကြည့်လိုက်မိသည်။ သူမအိပ်မက်မက်​နေခဲ့တာပဲ။ သူမသည် အသက်ရှင်နေဆဲပင်။ အမှောင်ထဲတွင် လီဝေ့ရန်၏မျက်နှာပေါ်တွင် မရေမရာသောအမူအရာတစ်ခုရှိခဲ့သည်။ ချွေးများဖြင့်စိုနေသော ဆံပင်အနည်းငယ်သည် သူမ၏နဖူးပေါ်တွင်ကပ်​နေသည်။

"တတိယမမ​လေး၊ နောက်ထပ်အိပ်မက်ဆိုးတွေ မက်​နေတာလား?"ဟု ပိုင်ကျီက သတိကြီးစွာဖြင့် မေးလာသည်။ 

"မမ​လေး၊ ရေနည်းနည်းသောက်ချင်လားဟင်?"

လီဝေ့ရန်က ခေါင်းယမ်းလိုက်သည်။

ထိုအချိန်တွင် မိုကျူးကဝင်လာပြီးနူးညံ့သောအသံဖြင့်

"တတိယမမ​လေး၊ နေမကောင်းဘူးလားဟင်"

မိုကျူးနှင့်ပိုင်ကျီတို့သည် ယနေ့ညကြည့်​စောင့်အိပ်ရတာဖြစ်သည်။ လီ​ဝေ့ရန်သည် ပိုင်ကျီကိုတစ်ချက်ကြည့်လိုက်သည်။

ပိုင်ကျီက "မဟုတ်ပါဘူး၊ စောင်ကအရမ်းထူ​တာ​ကြောင့် ချွေးတွေထွက်လာတာ​နေမယ်"

ပိုင်ကျီသည် ထက်မြက်သောအ​စေခံပင်။ လီ​ဝေ့ရန်က စဉ်းစားမိတယ်၊ ဒီနှစ်မှာ ဖိင်ချန်မှာရှိတဲ့ လီအိမ်​တော်က ပိုင်ကျီနဲ့ဇီယန် ၂​ယောက်ကို သူမအား လက်ဆောင်အဖြစ်ပေးခဲ့တယ်။ ကံမကောင်းစွာနဲ့ပဲ သူမသည် သူမတို့နှစ်ဦးကိုသနားမိသည်။ အဘယ်​ကြောင့်ဆို​သော် သူမတို့နှစ်ဦး သည် သူမနှင့်အတူနာကျင်မှုကို မျှ​ဝေခံစား​ပေးဖူးခဲ့သဖြင့် ဒီ၂​ယောက်နှင့်နီးနီးကပ်ကပ်​နေဖို့ သူမကမ​​မေ့ဖူး​ပေ။ ယခင်ဘဝတွင် သူမက ပထမသခင်မ၏အကြံကို​ နား​ယောင်မိ​ပြီးသူတို့ကိုမိသားစုတည်​ဆောက်ဖို့ ထွက်သွား​စေခဲ့မိတာ။ယခု​တော့ သူမအကူအညီလိုအပ်လာပြီဆို​တော့ ဤအစေခံနှစ်ဦးကိုလည်း သစ္စာရှိမရှိ ထပ်မံစစ်ဆေးရန်လိုအပ်လာပြီဖြစ်သည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now