63.အကျဥ်းချခံရခြင်းမှ ဘေးဒုက္ခဖြစ်လာ

3.8K 522 23
                                    

လီ​ဝေ့ရန်သည် ပင်မခန်းမ​ဆောင်မှထွက်လာပြီး သက်ပြင်းကိုဖြည်းဖြည်းချင်းမှုတ်ထုတ်လိုက်သည်။ ပိုင်ကျီသည် အပြင်ဘက်တွင်စောင့်နေသဖြင့် လီ​ဝေ့ရန်ထွက်လာသည်ကိုမြင်သောအခါ သူမက "မမ​လေး" ဟုခေါ်ကာ အမြန်ပြေးလာသည်။

လီ​ဝေ့ရန်က သူမကိုတစ်ချက်ကြည့်လိုက်တော့ သူမ၏မျက်လုံးထောင့်၌ မျက်ရည်များစီးကျနေသည်ကိုတွေ့လိုက်ရသည်။ သူမကသတိလက်လွတ်သက်ပြင်းချလိုက်ပြီးနောက်

"ဇီယန်ရဲ့ အဖြစ်အပျက်အတွက် မင်း စိတ်မကြည်သာဖြစ်နေတုန်းလား"

ပိုင်ကျီက သူမ၏မျက်ရည်တွေကိုသုတ်လိုက်ပြီး

“မမ​လေး၊ ဒီအ​စေခံနဲ့ဇီယန်က အိမ်တော်ကိုအတူတူ၀င်လာခဲ့ရတာဆို​တော့ ကျွန်မတို့ရဲ့ ဆက်ဆံရေးကတခြားသူတွေနဲ့မတူပါဘူး။ သူမက သူမအတွက် သူမပဲ​တွေးပေမဲ့ သူမက အရမ်းသနားစရာကောင်းအောင်သေဆုံးသွားရတာမို့ ဒီအ​စေခံတကယ်ပဲခံစားရတယ်”

လီ​ဝေ့ရန်က ခေါင်းတညိမ့်ညိမ့်လုပ်​နေမိသည်။ တတိယသခင်မက သူမအားပထမသခင်​လေးသည် ဇီယန်အားအပြစ်ပေးပြီးမ​သေမချင်းနှိပ်စက်​နေသည်ဟုလာအ​ကြောင်းကြားသဖြင့် သူမက ဒီစိတ်ကူးကိုချက်ချင်းတွေးခဲ့မိသည်ပင်။ သူမက လီ​ရှောင်ရန်ကို ကောင်းကောင်းသိသည်။ သူ၏ဂုဏ်သတင်းနှင့် ရာထူးကိုခြိမ်းခြောက်၊ အန္တရာယ်ဖြစ်​စေသူတစ်ဦးရှိလာလျှင် ဘာကိုမှ ဆွေးနွေးနေမှာမဟုတ်ဘူးဆိုတာကို​ပေါ့။

လီဝေ့ရန်၏မျက်ဝန်းများက ဟိုဟိုဒီဒီပတ်ပတ်လည်ကိုကြည့်ပြီးနောက် သူမကရုတ်တရက်မျက်မှောင်ကြုတ်ကာ

"မင်တိနဲ့ တတိယသခင်မထွက်သွားပြီလား"

ပိုင်ကျီ၏မျက်နှာသည် ကြောင်​တောင်​တောင်ဖြစ်နေသည်။သူမက

"တတိယသခင်မက ပြန်သွားပေမယ့် တတိယသခင်​လေးကိုတော့မတွေ့မိဘူး"

ညစာစားပွဲစကတည်းက ဒီကလေးကထူးထူးဆန်းဆန်းပြုမူ​နေခဲ့တယ်။ လီဝေ့ရန်က အဲဒါကိုစဉ်းစားလိုက်ပြီးတစ်ခုခုမှားနေတယ်လို့ ခံစားနေရရသဖြင့် သူမက

"ငါနဲ့အတူလိုက်ခဲ့ပြီး သူ့ကိုရှာကြည့်ရ​အောင်” ဟုပြောလိုက်သည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now