37.အစ်ကိုနှင့်ညီမ ပူး​ပေါင်းကြံစည်

3.8K 494 2
                                    

အခန်းထဲတွင် လီချန်းလဲ့သည် လီမင်ဖန်အားလက်ဖက်ရည်တစ်ခွက်ကိုကိုယ်တိုင်ငှဲ့ပေး​နေသည်။

"အစ်ကို၊ ခရီးထွက်လာရ​တော့ အရမ်းပင်ပန်းလာမှာပဲ​နော်"

လီမင်ဖန်က ပြုံးပြီးပြောသည်မှာ

"​ညီမ​လေး၊ ကျုပ်တို့တစ်ယောက်နဲ့တစ်ယောက်မတွေ့ရတာ ခြောက်လလောက်ပဲရှိ​သေး​ပေမယ့် မင်းက ပိုပြီး​တောင်လှလာလိုက်တာ၊ တတိယမင်းသားက​တောင် အခြားကိုအာရုံမစိုက်မိပဲ မင်းကိုပဲစူးစိုက်ကြည့်​နေ​တော့တာပဲ!"

လီချန်းလဲ့က ခပ်ပေါ့ပေါ့သာပြုံးလိုက်မိသည်။ ​ထော့ပါကျန်းက အရမ်းချောမောပြီးဆွဲဆောင်မှုရှိပေမယ့် သူ၏မွေးမိခင်က နိမ့်ကျတဲ့ နောက်ခံကနေဆင်းသက်လာတာမို့ သူ့ကို​မွေးဖွားပြီးတဲ့​နောက်မှသာ ဧကရာဇ်ရဲ့မျက်နှာသာ​ပေးမှုကို ရရှိခဲ့ခြင်းပင်။ ထို့အတွက်ကြောင့်သူ့ကို လူသိပ်မကြိုက်ကြပဲ မျက်နှာသာအပေးမခံရခဲ့ပေ။ ကံကောင်းစွာနဲ့ပဲ သူ့မိခင်ဆုံးသွားတဲ့နောက်မှာ​တော့ ကလေးမရှိ​သော ဝူ​ဖေးမိဖုရားက သူ့ကိုမွေးစားခဲ့တယ်။ ဤသို့သော နောက်ခံအင်အားသာရှိ​သော မင်းသားတစ်ဦးအနေနှင့်သူသည် မည်သည့်အခါမျှထီးနန်းတက်နိုင်မည်မဟုတ်ပေ။ ​ထော့ပါကျန်း၏ချောမောသောမျက်နှာကို ပြန်ပြောင်းသတိရလိုက်မိသောအခါ လီချန်းလဲ့သည် မသိလိုက်မိပဲကရုဏာအပြုံးတစ်ခုပြုံးလိုက်သည်။

လီမင်ဖန်သည် သူ၏​ညီမ​လေးကိုကြည့်ပြီး သူမစဉ်းစားနေသောအရာကိုအတိအကျသိစွာဖြင့်

"အမေက မင်းကို လွှမ်းမိုးတာမခံပါနဲ့။ နန်း​တွင်း နိုင်ငံရေးဆိုတာ အမြဲပြောင်းလဲနေတာပဲ။ ပြီး​တော့  ​ဒီတတိယမင်းသားကလည်း သာမန်၏​ခေသူတစ်ယောက်မဟုတ်ဘူး"

ဒါကိုကြားတော့လီချန်းလဲ့က တွေး​​တွေးဆဆဖြင့်

"ဒါပေမယ့် သူကအိမ်ရှေ့စံကိုမှီခိုနေရတာဆို​တော့ ​​အနာဂတ်မှာ သူကအလွန်ဆုံးဖြစ်လှ ကျင်းဝမ်ဘွဲ့ရမင်းသားတစ်ပါးပဲဖြစ်လာမှာ​လေ...."

လီမင်ဖန်ကပြုံးရုံသာပြုံးပြလိုက်ပေမယ့် ဘာမှပြန်မဖြေခဲ့ဘူး။ သူ၏မျက်လုံးများတွင် သူ၏ ညီမ​လေးသည် နတ်မိမယ်တစ်ပါးကဲ့သို့ လှပနေသော်လည်း တကယ်​တော့ သူမသည် အမြင်ကျဥ်းပြီး ယောက်ျားတစ်ယောက်၏ ​ရှေ့​ရေး​မျှော်​တွေးတတ်​သောအ​တွေးမျိုးကို မသိမြင်တတ်ပေ။ ဒီနှစ်တွင် သူနှင့်တတိယမင်းသားတို့သည်အေးအေးလူလူခရီးထွက်နေပုံရသည်ဟုထင်ကြ​သော်လည်း တကယ်​တော့ ဧကရာဇ်စေခိုင်းလိုက်​သော အမိန့်ဖြင့် ချန်းကျိုးနယ်၏ အုပ်ချုပ်​ရေးမှူး ရှန်းကွမ်းပါဝင်ပတ်သတ်​နေ​သောကိစ္စ အားစုံစမ်းရန် ချန်းကျိုးနယ်​မြေဆီသို့​ စေလွှတ်ခံရခြင်းပင်ဖြစ်သည်။ ​ထော့ပါကျန်းသည် ချန်းကျိုးနယ်သို့ရောက်သည်နှင့် ရှန်းကွမ်း ဖုံးကွယ်ရန်ကြိုးစားနေသော ကိစ္စကိုရှာ​ဖွေ​ဖော်ထုတ်ခဲ့သည်။ သူသည် ရှန်းကွမ်း၏ဘဏ္ဍာစိုးအား စစ်​ဆေးမေးမြန်းခဲ့ပြီး​နောက် သက်သေခံပစ္စည်းများတွေ့ရှိခဲ့သဖြင့် အတွေ့အကြုံကောင်းရှိသော ရှန်းကွမ်းသည်ပင် သူ၏အပြစ်များအတွက် ၀န်ချ​တောင်းပန်ပြီး သက်ညှာ​ပေးဖို့​တောင်းဆိုရုံမှလွဲ၍အခြားရွေးချယ်စရာမရှိခဲ့ချေ။ တာဝန်ကိုလက်ခံခဲ့ချိန်မှစ၍ ရှန်းကွမ်း၏ရာဇ၀တ်မှုကိုသတင်းပို့​ပေးသည့်အချိန်ထိ အချိန်လဝက်မျှ​သာကြာခဲ့သည်။ ပြီးနောက် ​ထော့ပါကျန်းသည်ချန်းကျိုးနယ်တွင်​နေထိုင်ခဲ့ပြီး ဖရိုဖရဲအုပ်ချုပ်ရေးကို ​သေချာပြန်လည်ဖွဲ့စည်း​ပေးခဲ့သည်။ တစ်လအတွင်းမှာပင် သူသည်ရှုပ်ထွေးမှုများကို ဖြေရှင်း​ပေးခဲ့ပြီး အသစ်​ရောက်လာ​သော အုပ်ချုပ်ရေးမှူးအား တာဝန်လွှဲ​ပြောင်း​ပေးခဲ့သည်။ ဤတာဝန်တွင် ​ထော့ပါကျန်းသည် သူ၏ အရည်အချင်းများနှင့် စွမ်းရည်များကိုအကြီးအကျယ် ပြသနိုင်ခဲ့ပြီး ဧကရာဇ်ထံမှချီးမွမ်းခြင်းများကိုရရှိခဲ့သည်။ ဟိတ်ဟန်ကြီးသော လီမင်ဖန်၏မျက်လုံးထဲတွင်ပင် ​ထော့ပါကျန်းသည် အမှန်ပင်စိတ်ထက်သန်ပြီးထက်မြက်သည့်အပြင် အရာအားလုံးကိုလျင်မြန်တိကျစွာကိုင်တွယ်နိုင်ခဲ့သည်ကို ကြည့်ခြင်းဖြင့် သူက သာမန်လူတစ်ယောက်မဟုတ်ကြောင်း ​ပေါ်လွင်​နေသည်။ အခန်းထဲတွင်သာရှိ​​နေတတ်သော လီချန်းလဲ့ကို ဒီစကားတွေ သူပြောသင့်လားဆိုတာ သူကမသိဘူးဖြစ်​နေတယ်။ ထို့ကြောင့်သူက

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now