110.1.မ​ကောင်းဆိုးဝါးဝိညာဥ်ကို​ဖော်ထုတ်

2.8K 432 13
                                    

နွေးထွေးရီမူးဝေတဲ့ရနံ့က နန်းတော်တွင်းကို ပျံ့နှံ့​နေတယ်။ နန်းတွင်းရဲ့အရှေ့ဘက်မှာတော့ ဧကရာဇ်ရဲ့ရာဇပလ္လင်တော်ဖြစ်ပြီး ဧကရာဇ်ရဲ့ဘေးမှာယှဥ်တွဲထိုင်​နေတာက​တော့ဧကရီပင်။ ​အောက်ဘက်​တွင်​နေရာချထားသည်က ဝူရှန်း​ဖေးမိဖုရားကြီး၊ သမာဓိသီလဘွဲ့ဖြင့် ကျန်းတိ​ဖေးမိဖုရားကြီး၊ ​တော်ဝင်ကြင်ရာတော်​​​မေး၊ ကြင်ရာတော်​ယွေ့နှင့် အခြားရာထူးမြင့်မား​သောကြင်ရာတော်မိဖုရားကြီးများဖြစ်သည်။

ပင်မနန်းဆောင်ကြီးအောက်ရှိ လက်ဝဲဘက်တွင် ယောက်ျား​လေးဧည့်သည်​တော်များအတွက်​နေရာချထား​ပေး​လေရာ ပထမဦးစွာအ​နေဖြင့် မင်းညီမင်းသားများ၊ ထို့နောက် မင်းမျိုးမင်းနွယ်များနှင့် နောက်ဆုံးတွင် ရာထူးအဆင့်အလိုက် ထိုင်နေကြသော အရာရှိအရာခံများဖြစ်ကြသည်။ လက်ယာဘက်တွင်လည်း အမျိုးသမီး ဧည့်သည်​တော်များအတွက်ဖြစ်​လေရာ ​ယောကျာ်း​လေးဧည့်သည်​တော်တွေ ထိုင်နေသကဲ့သို့ ​နေရာချထား​ပေးသည်။ ဒါသည် ဧကရီ ကျင်းပတဲ့ ရိုးစင်း​သောပွဲအခမ်းအနားသာဖြစ်ပေမဲ့ အဆင့်အတန်းအလိုက် မိသားစုအသီးသီးက အမျိုးသမီးပျိုတွေက တက်​ရောက်လာကြသည်။ လီဝေ့ရန်က လီချန်းလဲ့ထက် အလှမ်းဝေး၍မြင့်မား​သော​နေရာတွင်​နေရာချထားခြင်းခံရ​သဖြင့် ချန်းလဲ့က သူမရဲ့သွားတွေ ကိုက်လုမတတ် မုန်းတီးမိ​နေသည်။ အစက​တော့ သူမ၏ရုပ်ရည်အသွင်အပြင်ဖြင့် လူတိုင်း၏အာရုံကိုပြန်လည်ဖမ်းစားနိုင်လိမ့်မည်ဟုထင်ခဲ့သည်။ သို့သော် ထိုလူများသည် သူမကို စက္ကန့်အနည်းငယ်မျှသာ စူးစိုက်ကြည့်ပြီးနောက် အခြားတစ်နေရာသို့ စိုက်ကြည့်သွားကြသည်။ သူမက ဒါကို အစကတည်းက မမျှော်လင့်ထားမိပေ။

တကယ်တမ်းတော့ လီချန်းလဲ့မှာသာ စွဲဆောင်မှုရှိတဲ့အလှတရားမရှိရင် သူမကို ဘယ်သူကမှ တစ်ချက်​တောင်ကြည့်မိမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ "​ကျော်ကြားလှ​​ပေ့ဆို​သော" အောင်မြင်မှုတွေက တစ်မြို့​တော်လုံးကိုပျံ့နှံ့သွားခဲ့လို့ပဲ။ သူမသည် အစပိုင်းတွင် ဧကရာဇ်မင်းကို အမျက်ထွက်​အောင်လုပ်​ဆောင်ခဲ့ပြီး​နောက်  ပဉ္စမမင်းသားကို ဧကရာဇ်၏အမျက်သင့်မိ​အောင်လုပ်ခဲ့တယ်ဆိုတာကို လူတိုင်းကသိကြသည်။ မိခင်၏ဈာပနတွင် သူမက ခမ်းနားထည်ဝါစွာ ၀တ်ဆင်ခဲ့ကြောင်းလည်း သူတို့​တွေက ကြားသိခဲ့ရသည်…သီလသမာဓိရှိ​သောမိသားစု၏မိန်းက​လေးမျိုးကို ဇနီးမယားအ​နေနှင့် လက်ထပ်ရမည်ဖြစ်သော်လည်း ဒီမိန်းက​လေးကို ဘယ်သူက လက်ထပ်ဝံ့ပါ့မလဲ? တရားဝင်ဇနီးသည် ဘယ်နေရာတွင်မဆို ပေါ့ပေါ့တန်တန်ထားနိုင်သော ပန်းအိုးတစ်ခုမဟုတ်​ချေ။ သူမသည် အိမ်သူအိမ်သားများကို စီမံခန့်ခွဲရမည်ဖြစ်သဖြင့် ဇနီးမယားမှားဖြင့် ထိမ်းမြားမိပါက မျိုးဆက်၉ဆက်အထိ ပျက်စီးကိန်းဆိုက်သွားမည်ဖြစ်သည်။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now