113.1.​အောင်နိုင်ရန်​ ခြေတစ်လှမ်းအလို

2.8K 416 15
                                    

(T/N: အဆုံးထိဖတ်မရတဲ့သူ​တွေရှိတယ်​တွေ့မိလို့ အဆုံးထိဖတ်မရရင် အိုင့်cbကိုတစ်ချက်လာ​ပြော​ပေးပါ​နော် pdf fileပို့​ပေးပါ့မယ်cmt​တွေအကုန်replyမလုပ်ဖြစ်တာက အိမ်မှာကိစ္စ​လေး​တွေရှိတဲ့အပြင်အလုပ်မအားဖြစ်လို့ပါ cmt​တွေ​တော့ဖတ်ဖြစ်ပါတယ်)

ကြင်ရာတော်လျန်၏မျက်နှာတွင်လည်း နောင်တ​တွေရှိနေသည်။ သူမ၏မျက်နှာတွင် ထင်ထင်ရှားရှား ခံစားရသည်ထက် ပိုနာကျင်ခံစားနေရသည်ဟု လီ​ဝေ့ရန်ကရိုးသားစွာ ယုံကြည်မိတယ်။ သူမက တိုးတိတ်ငြင်သာစွာဖြင့်

“ဒါပေမဲ့ တို့က ရှင့်ကိုနားလည်ပြီး​တော့ ရှင် ဘာကြောင့်ဒီလိုလုပ်ခဲ့တာလဲဆိုတာ တို့သိပါတယ်။ အကယ်၍သာ တို့နဲ့တို့ရဲ့မိသားစုက ကံဆိုးမိုးမှောင်ကျမယ့်အဆုံးသတ်ကို တွေ့ကြုံခဲ့မယ်ဆိုရင်လည်း မုရုံ​တော်ဝင်မိသားစုဝင်အ​နေနဲ့ လက်စားချေဖို့ ဘယ်အရာကိုမှရပ်တန့်မှာမဟုတ်ဘူး။ ရှင်က​တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာနဲ့ ကျက်သ​ရေကို ပြန်လည်ရယူပြီး အမှားတွေကို ပြင်ချင်တာက ဘာအမှားမှမရှိပါဘူး။ ဒါ​ပေမယ့်လည်း ရှင်က အလျင်စလိုဖြစ်လွန်းတယ်။ ဒီ​နေ့ ​ကျောင်းမိသားစုကို မှောက်လှန်ပစ်လိုက်နိုင်သရွေ့ မုရုံ​တော်ဝင်မိသားစုကိစ္စကို သေချာပေါက် စုံစမ်းရဖို့ဖြစ်လာမှာပဲ။ ဒါဆိုရင် ရှင့်ရဲ့အငြှိုးဒေါသကို ပြေပျောက်စေမှာပါ”

ကြင်ရာတော်လျန်၏လှပသော မျက်နှာ​လေးသည် မျက်ရည်များဖြင့် စွန်းထင်းသွားသည်။ သူမက စကားတောင် မပြောနိုင်​တော့​ပေ။ သူမသည် လိမ္မာပါးနပ်သူတစ်ဦးဖြစ်သည်။ ကလဲ့စားချေခြင်း​ကြောင့် အမြင်မ​မှောက်နေပါက၊ ထိုသို့လုပ်ဆောင်ရခြင်း၏အကြောင်းပြချက်ကို သူမနားလည်မည်ဖြစ်သည်။

လီ​ဝေ့ရန်က ဆက်လက်၍ “ကြင်ရာတော်လျန်၊ ရှင်ဘယ်​နေရာမှာမှားသွားတယ်ဆိုတာ သိလား? ရှင်က လက်စားချေဖို့ စိတ်အရမ်း​လောနေတာကြောင့် မဟုတ်သလို တို့​တွေရဲ့ သဘောတူညီချက်ကို ဆန့်ကျင်တဲ့အတွက်ကြောင့် မဟုတ်ဘူး။ ဒါ​ပေမယ့် ရှင်က လက်စားချေဖို့အတွက် မှားယွင်းတဲ့ ချဉ်းကပ်မှုတစ်ခုကို အသုံးပြုခဲ့တယ်။ ရှင်က ဧကရာဇ်မင်းအနားမှာရှိနေရင်တောင် အဲ့ဒီ​ယောကျာ်းကို စိတ်ကျေနပ်အောင် ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ ရှင်ကနားမလည်ဘူး"

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now