120.လူပုံအလယ်ဝေဖန်ခံရခြင်း၏ ပစ်မှတ်

2.4K 343 7
                                    

ပထမဆုံး တုံ့ပြန်သူက ​ကျောင်းရွှီဖြစ်ပြီး သူ့အမူအရာက အလွန်အကျည်းတန်စွာဖြင့်

"သမား​တော်! မြန်​မြန်​သမား​တော်ကိုသွား​​ခေါ်​ကြစမ်း!"

ဤအခိုက်အတန့်တွင် သူသည် ကြောက်ရွံ့ထိတ်လန့်နေသော အိမ်ရှေ့စံကို​တောင် ဂရုမစိုက်နိုင်တော့ဘဲ ဧည့်သည်​တော်များဆို ဆိုဖွယ်ရာမရှိ​တော့။

အိမ်ရှေ့စံသည် အခင်းဖြစ်ပွားရာနေရာ၌ အေးခဲ​တောင့်တင်းနေပြီး သူ့မျက်နှာတွင် သွေးကွက်များ မရေမတွက်နိုင်အောင်ရှိနေသည်။ သူ့ဘေးနားရှိ အိမ်ရှေ့စံကြင်ရာ​တော်မင်းသမီးက လက်ကိုင်ပုဝါကို အမြန်ဆွဲထုတ်လိုက်​ပေမယ့် သူကရုတ်ချည်းတွန်းဖယ်လိုက်ပြီး အိမ်ရှေ့စံမင်းသမီးကို တစ်ချက်ကြည့်ကာ အဲ့အစား ကြင်ရာ​တော်​ကျောင်းလန်၏ မျက်နှာဖြူဖျော့ဖျော့ကို ကိုင်လိုက်ပြီး

"လန်အာ၊ မကြောက်နဲ့!"

​ကျောင်းလန်၏မျက်နှာသည် မထင်မှတ်ဘဲ ဖြူဖျော့နေပြီး သူမသည် အိမ်ရှေ့စံကို ဘေးဖယ်ကာ လျင်မြန်စွာ ရှေ့သို့ တိုးဝင်၍ နယ်စားသခင်မကြီး၏အရှေ့တွင် ဒူးထောက်ကာ တုန်တုန်ယင်ယင် ဖြစ်နေသည်။

လီ​ဝေ့ရန်သည် ဤအပြုအမူကိုကြည့်နေသော်လည်း သူမ၏အမူအရာသည် ထူးဆန်း​နေပြီး ​လှောင်​ပြောင်ရယ်မောနေပုံရသော်လည်း စိတ်ခံစားမှုများပြည့်နှက်နေပုံရကာ အပြင်လူ၏အမြင်တွင်မူ သူမသည် ထိတ်လန့်သွားသဖြင့် မည်သို့တုံ့ပြန်ရမည်ကို မသိနိုင်ပုံ​ပေါ်​နေသည်။ ခန်းမ​ဆောင်ထဲတွင် ဖြစ်ပျက်နေသည့်အရာများသည် ပြဇာတ်တစ်ခုမှ မြင်ကွင်းတစ်ခုလို ထင်ရပြီး သူမသည် ထိုနေရာတွင်သာ ရပ်​နေကာ တိတ်တိတ်ဆိတ်ဆိတ် ပြဇာတ်ကိုကြည့်ရှု​နေစဥ်တွင်အစမှအဆုံး ပုံမှန်မဟုတ်သော တည်ငြိမ်မှုကို ခံစားရသည်။

​ကျောင်းရွှီသည် ​ကျောင်းထျန်ကိုရှာဖွေရန် လူများအားလုံးကို စေလွှတ်လိုက်သော်လည်း အကျိုးရလဒ်တစ်စုံတစ်ရာမရှိ​ပေ။ ​ကျောင်းထျန်သည် ​လောကကြီးမှ​ပျောက်ကွယ်သွားသလိုမျိုး သူ့အဘွား၏ မွေးနေ့ပွဲအတွက် အမှန်တကယ် ပေါ်မလာ​ခဲ့ချေ။ အခြားရွေးချယ်စရာမရှိဘဲ သမား​တော်တစ်ဦးကို အလျင်အမြန်ခေါ်လိုက်ရသည်။ ခန်းမအတွင်းရှိလူတိုင်းသည် ဆုံးရှုံးမှုကိုကြည့်နေကြရင်း သူတို့ပတ်ဝန်းကျင်တွင် မတတ်သာစွာဖြင့် လူစုလူဝေးကြီးဖြစ်လာရ​သော​ကြောင့် ပြင်းထန်သောဖိအားများ ကျဆင်းလာသဖြင့် လီ​ဝေ့ရန်သည် ဤနေရာတွင် ရှိ​သောဖိအားသည် စိတ်အ​နှောက်အယှက်ဖြစ်​စေသလိုခံစားရ၍ သူမက နောက်ပြန်မဆုတ်ပဲ မ​နေနိုင်​တော့​ပေ။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now