81.2.ကင်းမြီး​ကောက်အစုလိုက်အပြုံလိုက်

3.5K 594 18
                                    

ပထမသခင်မသည် ဖူယွိအိမ်​တော်ဝင်းအတွင်းရှိအကောင်းဆုံးအခန်းအား လီ​ဝေ့ရန်အတွက်ချန်ထား​ပေးခဲ့သည်။ ထိုကိစ္စ​အတွက် လီချန်းရှီသည်အတော်လေးကိုစိတ်မပျော်မရွှင်ဖြစ်ပြီး လီချန်း​ရှောင်က သူမအားတားဆီးရန်ကြိုးပမ်းခဲ့သော်လည်း သူမ၏မကျေနပ်ချက်များကိုထုတ်​ပြောရန် အမြန်ပင်ပြေးသွားသည်။ ထို့နောက် သူမသည်အထိန်း​တော်တုမှ အ​စေခံများအုပ်စုကို သတိပေး​နေသံကိုကြားလိုက်ရသည်။

"စတုတ္တသခင်မ​လေးနဲ့ ပဉ္စမသခင်မ​လေးအပြင် တတိယသခင်မ​လေးကိုပါ ဂရုတစိုက်နဲ့အလုပ်အ​ကျွေးပြုစုရမယ်လို့ သခင်မကမှာကြားထားတယ်​နော်"

လီချန်းရှီက ဒါကိုကြားတော့သူမကဒေါသတကြီးဖြင့် မီးကုန်ယမ်းကုန်​ပေါက်ကွဲသွားသည်။

လီဝေ့ရန်အား သခင်မကြီးက နှစ်သက်သဘောကျသဖြင့် စည်းစိမ်ဥစ္စာများပေးကမ်း​သောအကြောင်းကို အထိန်း​တော်တုဆီကကြားသိရသောအခါ လီချန်းရှီကဒေါသမီးတောက်များပိုမို​လောင်ကျွမ်းလာရသည်။ ယခင်က​တော့ သူမသည်လီချန်းလဲ့နှင့်တန်းတူအခွင့်အ​ရေးမရနိုင်ခဲ့သော်လည်း သူမကလီ​ဝေ့ရန်ထက်​တော့ အဆင့်အတန်းပိုမြင့်နေသေးသည်။ ယခု​တော့ လီ​ဝေ့ရန်သည်ကြက်ကန်းဆန်အိုးတိုးကာ ကံ​ကောင်းသွားခဲ့ပြီး အဆင့်အတန်းအရတွင်ပါ သူမကိုကျော်တက်သွားခဲ့သည်။

အထိန်း​တော်တုကဆက်လက်ပြီး

“အိမ်​တော်ထဲမှာ လက်မထပ်ရသေးတဲ့ ကိုယ်လုပ်​တော်ဖွားသခင်မ​လေး​တွေထဲမှာ ချစ်စရာကောင်းပြီးကျက်သ​ရေရှိတဲ့ မျက်နှာအသွင်​လေးနဲ့ တတိယသခင်မ​လေးကို ဘယ်လိုလူကများယှဥ်နိုင်ပါ့မလဲ? တတိယသခင်မ​လေးလိုလူတိုင်းရဲ့အမြင်မှာမွန်မြတ်ပြီး ဂုဏ်သိက္ခာကလည်းရှိပြီး ဒီ​လောက်စည်းစိမ်ဥစ္စာ​တွေကြွယ်ဝ​နေမှ​တော့ အနာဂတ်မှာသူမ​လေးက ပိုပြီးထွန်း​ပေါက်မှာအ​သေအချာပဲ"

ဤစကားများသည် လီချန်းရှီကိုပို၍ပင်စိတ်မသက်မသာဖြစ်စေသည်။

"အစောပိုင်းတုန်းက သခင်မကတတိယသခင်မ​လေးအတွက် အသစ်စက်စက်​ရွှေခြည်ထိုးအိပ်ယာ​​စောင်ခင်းအသစ်ကို ပြင်ဆင်ခိုင်းခဲ့ပေမယ့် တခြားသခင်မ​လေး၂​ယောက်အတွက်မပါဘူး။ ကြည့်ရတာ​တော့ တတိယသခင်မ​လေးက သခင်မရဲ့မျက်လုံးထဲမှာ အမြင့်ဆုံး​နေရာအဆင့်ရှိ​နေပုံရတယ်"

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now