135.2.မို​ဖေ့ပြည်၏မင်းသားတစ်ပါး

2.1K 272 15
                                    

ကျောင်းယွိလန်အတွက်မူ ထိုရယ်သံသည် သူမ၏နှလုံးသားထဲသို့ ရေခဲရေများ ​လောင်းချလိုက်သလိုပင် ခံစားရသည်။ သူမက အလိုလိုတုန်လှုပ်သွားပြီး ရှုံးနိမ့်သွားသလို ခံစားလိုက်ရသည်။ 

“ငါ… ငါ… ငါ . . . ”

သူမသည် ရုတ်တရက် ရုန်းကန်နိုင်စွမ်း ​ပျောက်ဆုံးသွားပြီး အလွန်စိတ်ဓာတ်ကျလာ​တော့သည်။ သူမက မျက်ရည်​တွေနှင့်ပြည့်လျှံလာပြီး ရုတ်တရက်လဲကျသွားပြီးနောက် လီဝေ့ရန်၏ခြေရင်း၌လဲပြိုသွားရသည်။

"တတိယသခင်မ​လေး၊ ငါမင်းကို ဆန့်ကျင်ပြီး မတိုက်ခိုက်ဝံ့တော့ပါဘူး။ ငါ့ကို အလွတ်​ပေးလိုက်ပါ​တော့။ မင်း ငါ့ကို ထွက်​ပေါက် ပေးနိုင်မယ်မလား?"

လီ​​ဝေ့ရန် သည် သူမကို သနားတစ်ဝက် ရွဲ့တစ်ဝက်ဖြင့် ကြည့်ပြီး

"တို့က ​​မေမေ့ကို ​သေတွင်းထဲပို့ဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါဘူး။ မေမေ ဘာလို့များဒီလောက်တောင်ကြောက်​နေရတာလဲ"

သူမက ထိုသို့ပြောပြီး​နောက် အား​လောင်ကို

"မင်းရဲ့ သခင်မကို ကူညီပေးလိုက်ပါဦး။ အခု သူမ ဘယ်လိုဖြစ်ပျက်နေလဲဆိုတာကို ကြည့်ပါဦးလား"

အား​လောင်က ​ကျောင်းယွိလန်ကို အမြန်ကူညီဖို့လုပ်လိုက်ပေမယ့် သူမက တွန်းထုတ်ခံလိုက်ရပြီး

"ငါသိတယ်! မင်း ဒီနေ့ ဒီကိုလိုလိုလားလားလာရတဲ့ အ​ကြောင်းရင်းက ငါ အသုံးဝင်နေ​သေးလို့မို့လား? ငါဒီမှာရှိနေသရွေ့  လီ​ရှောင်ရန်က ဇနီးမယားအသစ်နဲ့ လက်ထပ်မှာမဟုတ်သလို သတ္တမကိုယ်လုပ်တော်နဲ့မင်ကျီတို့ရဲ့ရာထူးကို ခြိမ်းခြောက်မယ့် လူသစ်တစ်ယောက်လည်း ဝင်လာနိုင်မှာ မဟုတ်​တော့ဘူး​လေ။ အခုဆို သူကလည်း ကလေးမရနိုင်၊ ငါကလည်း ကိုယ်ဝန်မ​ဆောင်နိုင်တော့ဘူးဆို​တော့ မင်ကျီက ဒီမိသားစုမှာ တစ်ဦးတည်းသောသားဖြစ်သွား​တော့မှာ။ ဒါဆိုရင် မင်းအတွက်ရော အကျိုးရှိမှာမဟုတ်လား? ငါ့ကိုသွားခွင့်ပြုပါ​တော့။ ငါ မင်းကို ​နောက် ဘယ်တော့မှ ဆန့်ကျင်မှာမဟုတ်​တော့ပါဘူး။ ​ကျောင်းမိသားစုမှာ အခြေအနေတစ်ခုခုထူးခဲ့ရင် ငါ မင်းကိုပြောပြပါ့မယ်။ မဟုတ်ဘူး! ငါ မင်းကို သူတို့တွေနဲ့ ရင်ဆိုင်ဖို့အတွက်ပါ ကူညီ​ပေးပါ့မယ်။ မင်းသာ ငါ့ကို ဒီရာထူးမှာဆက်နေခွင့်ပေးပြီး ငါ့ညီမကို မိသားစုထဲဝင်မလာအောင် ကူညီပေးသရွေ့ ငါမင်းကို အားကိုးမှီခိုပါ့မယ်!"

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now