114.2.မဟာမိတ်ထိမ်းမြားမှု

3K 402 10
                                    

၂ရက်ကြာပြီး​နောက်

"အန်းဖိန် အအေးမိသွားတယ်လို့ကြားမိ​​​တော့ စတုတ္ထသခင်မ​လေးက ဘာလုပ်ရမှန်းမသိလို့ စိတ်တွေပူနေတယ်။ အခု အန်းဖိန်နေကောင်းနေတာတွေ့တော့ သူမလည်း အေးအေးဆေးဆေး အနားယူနိုင်လောက်ပြီ"

အအေးမိတယ်? ဒါက ဘယ်တုန်းကလဲ? လီ​ဝေ့ရန်သည် သူမရှေ့မှလူကို ကြည့်ကာ မပြုံးဘဲမ​နေနိုင်စွာဖြင့်

“စတုတ္ထကိုယ်လုပ်​တော်၊ ရှင်က လက်ရှိအဖြစ်အပျက်ကို ကောင်းကောင်းသိတာပဲ” လို့ပြောလိုက်တယ်။

စတုတ္ထကိုယ်လုပ်​တော်သည် သမီး၂ ဦးကို မွေးဖွားခဲ့ပြီးဖြစ်သော်လည်း သူမ၏ခန္ဓာကိုယ်သည် မိုးမခပင်ကဲ့သို့ နူးညံ့သိမ်မွေ့သေးကာ ဝမ်းနည်းမှုအရိပ်အယောင်များ သယ်ဆောင်လာသည့် မျက်နှာဖျော့ဖျော့ဖြစ်နေ၍ အခြားသူများကိုလည်း စိတ်မကောင်းဖြစ်စေရသည်။ အတိတ်မှာတုန်းက အ​ချော​လှဆဌမကိုယ်လုပ်​တော်နဲ့ ​ကောင်းမွန်​ပြေပြစ်တဲ့ နဝမကိုယ်လုပ်​တော်​တွေရှိခဲ့ပေမယ့် အဖေက သူမကို ဘယ်တော့မှ မမေ့ခဲ့တာ အံ့သြစရာ​​တော့မရှိပါဘူး။ စတုတ္တကိုယ်လုပ်​တော်၏ကျက်သရေရှိ​နေတဲ့ မျက်နှာကိုမြင်လိုက်ရတော့ လီ​ဝေ့ရန်က ရယ်ချင်စရာဖြစ်​​နေမိသည်။ ဒီ​ရက်​တွေအတွင်းမှာ စတုတ္တကိုယ်လုပ်​တော်က သခင်မအသစ်ကို စိတ်အချဥ်​ပေါက်နေတာကို သူမက ဘာကြောင့် ရုတ်တရက် ဒီကိုရောက်လာရတာလဲ?

လီ​ဝေ့ရန်က တွေးကြည့်​တော့ စတုတ္ထကိုယ်လုပ်​တော်သည် ပထမသခင်မရဲ့မျက်လုံးအောက်မှာ သမီးနှစ်ယောက်ကို ပြုစုပျိုးထောင်နိုင်ခဲ့တာ​ကြောင့် သူမကို ဒီအိမ်​တော်ရဲ့တစ်စိတ်တစ်ပိုင်းလို့ ယူဆနိုင်သဖြင့် သူမရဲ့လက်ကို ဝှေ့ယမ်းပြီး ပြုံးပြုံးရွှင်ရွှင်နဲ့

“ကိုယ်လုပ်​တော်က ဒီလို​တော့မပြောပါနဲ့။ တို့က စတုတ္ထညီမ​လေးနဲ့ကိုယ်လုပ်​တော်ရဲ့အ​တွေး​တွေကို အမြဲသိပါတယ်"

စတုတ္တကိုယ်လုပ်​တော်က ချက်ချင်းပြုံးလိုက်ပြီး တောင်းပန်စွာဖြင့်

"သခင်မအသစ်က စတုတ္တသခင်မ​လေးကို ခေါ်သွားတယ်​လေ။ လတ်ဆတ်တဲ့ ပန်းတွေကို ပြင်ဆင်​ပေးပြီး သခင်မကြီးအတွက် ​ခေါင်းကိုရုံမယ့်ခြုံထည်ထိုးခိုင်း​စေဖို့လို့​ပြောတာပဲ။ ဒါ​ကြောင့် သူမကလာလည်လို့ မရဘူးဖြစ်သွားတယ်ကွယ်"

လီ​ဝေ့ရန် (ပထမတွဲ) UnicodeDonde viven las historias. Descúbrelo ahora