100.1.မ​ကြောက်မရွံ့အရှုံးမ​ပေး

3.4K 455 13
                                    

သတို့သမီးအခန်း​ဆောင်သည် အမွှေးနံ့သာရနံ့များဖြင့်ပြည့်နှက်နေပြီး ထူထည်သောရေမွှေးနှင့်​ပေါင်ဒါမျက်နှာ​ချေအမှုန့်ရနံ့တို့နှင့်အတူ​ရော​နှော​နေသဖြင့် သူမကို ​ခေါင်းကိုက်​စေသည်။ ​လီ​ဝေ့ရန်က အပြုံး​လေးတစ်ခုဖြင့် ​သခင်မကြီး၏နားထဲကို တစ်စုံတစ်ခုအား တိုးတိုးလေးပြောလိုက်သဖြင့် သခင်မကြီးက လက်ကို ချက်ချင်းဝှေ့ယမ်းလိုက်ပြီး ခွင့်ပြုလိုက်သည်။

“သွားလိုက်၊ သွားလိုက်”

လီ​ဝေ့ရန်ထွက်သွားသည့်အချိန်တွင် လီချန်းလဲ့သာလျှင် သူမအားအာရုံစိုက်​နေသည်။  ​ကျောင်းယွိလန်နှင့် စကားစမြည်ပြန်မ​ပြောခင် သူမကိုအကြည့်​လေးတစ်ချက်ဖြင့်မော့ကြည့်လိုက်တယ်။

အပြင်သို့ထွက်လာသောအခါမှသာ  လေကောင်းလေသန့်ရှုရှိုက်ရင်း လီ​ဝေ့ရန် သည် ချက်ချင်းပင် သက်သာလာသည်။ ပိုင်ကျီက စပ်စပ်စုစုမေးသည်က

"မမ​လေး၊ ဘာလို့ထွက်လာတာလဲဟင်?"

"အပြင်မှာ မီးရှုးမီးပန်းအသံတွေက အရမ်းကျယ်နေတယ်​လေ။ မင်ကျီလန့်သွားမှာကို ကြောက်လို့ သူ့ကို သွားကြည့်မယ်လို့ သခင်မကြီးကို ပြောခဲ့တာ" ဟု လီ​ဝေ့ရန်က ပြုံးပြုံးရွှင်ရွှင်နဲ့ ပြန်​ဖြေလိုက်တယ်။

မင်ကျီသည် သူမ၏​မောင်​လေးဖြစ်ပြီး ၁လသားအရွယ်တွင်ပင် သခင်မကြီး၏ အသည်းနှလုံးကို သိမ်းပိုက်ထားပြီးဖြစ်သည်။ လီ​ရှောင်ရန်က သူ​လေးကို တစ်နေ့ ၃ ကြိမ်​လောက်ကြည့်​ခိုင်းဖို့ လူတွေကို စေလွှတ်ထားတာကြောင့် လီ​ဝေ့ရန် ထွက်သွားရတဲ့အကြောင်းပြချက်ကို အပြည့်အဝ နားလည်နိုင်သည်ပင်။

ရေကန်ကို ဖြတ်ကျော်ပြီးလျှောက်လာစဉ် ကြာပန်းများစွာက ညှိုးနွမ်းနေပြီး အရွက်သေများက ရေထဲတွင်လှိုင်းလုံးများသဖွယ် ရစ်ဝဲနေသည်ကို သူမကတွေ့လိုက်ရသည်။ လီ​ဝေ့ရန်သည် လမ်း​လျှောက်​နေရင်း ရုတ်တရက် ရပ်တန့်သွားသည်။ 
"ငါတစ်ယောက်တည်း လမ်းလျှောက်ချင်တယ်။ ပိုင်ကျီနဲ့ ​ကျောက်ယွဲ့က ငါနဲ့ အတူ​နေခဲ့။ မိုကျူး၊ ကျန်တဲ့သူတွေ ပြန်ခေါ်သွား​ပေး"

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now