138.ဝမ်းနည်းဖွယ်ရာသေဆုံးမှု

2.8K 307 4
                                    

မိတ်​​​ဖက်များအား လက်ဆောင်ပေးသည့် အလေ့အထသည် နန်းတွင်း၌တည်ရှိခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ သခင်များကလည်း အ​စေခံအဆင့်မှသည် မိန်းမစိုးများအထိကို ထိုက်သင့်စွာ မကြာခဏလက်ဆောင်ပေးလေ့ရှိသော်လည်း အများစုသည် တစ်စိတ်တစ်ဝမ်းတည်းဖြင့် တစ်ဦးအ​ပေါ်တစ်ဦး အမှန်တကယ် ​လေးစားကြတဲ့​သ​ဘော"ဖြစ်၍ ဒါက အထူးအဆန်း​တော့မဟုတ်ပေ။ ဒါပေမယ့် ပိုင်ဟဲ့က ဒီလိုအခြေအနေမျိုးနဲ့အဆုံးသတ်သွားရတော့ လူ​တွေကို မျက်ရည်တစ်ဆုံးကျ​စေခဲ့ရသည်။ မွန်မြတ်သော အမျိုးသမီးငယ်​လေး​များသည် သူမတို့၏မျက်နှာများကို ဖုံးအုပ်ကာ စာနာ​ထောက်ထားကြောင်းကို ဖော်ပြ​နေကြတယ်။

ဧကရီသည် ဝမ်းနည်းပြီး သနား​နေ​သော အမူအရာတို့ကို ဖော်ပြ၍ ဤသို့ဆိုလာသည်။

ကျန်းမိဖုရားကြီးက မင်း ဒီ​လောက်ခက်ခဲတဲ့ဘဝနဲ့ ရင်ဆိုင်ခဲ့ရတယ်ဆိုတာကို သတိမထားမိလို့နေမှာပါကွယ်။ သူမက အမြဲတမ်းကြင်နာတတ်တဲ့သူဆို​တော့ ​သေခါနီးလူကို မျက်ကွယ်ပြုထားမယ့်သူမဟုတ်တာတော့ သေချာပါတယ်

ပိုင်ဟဲ့က ပြင်းပြင်းထန်ထန် ခေါင်းခါလိုက်ပြီး

"ဒီအ​စေခံက ကျန်းမယ်မယ်မိဖုရားကို တောင်းပန်ဖို့သွားခဲ့ပေမယ့် သူမက ဒီအ​စေခံရဲ့စကားကို လုံးဝနားမ​ထောင်ခဲ့တဲ့အပြင် ဒီအ​စေခံကို ကျေးဇူးကန်းတယ်လို့တောင် ပြောခဲ့ပါတယ်။ ကျိုး​ရှောင်ရဲ့အနောက်ကို လိုက်ခွင့်ရတာက ဒီအ​စေခံအတွက် ​​​​ကောင်းချီးပါပဲတဲ့!"

ဧကရီသည် အံ့အားသင့်သွားပုံရပြီး မိဖုရားကြီးလည်း သိ​နေတယ် ဟုတ်စ? သူမက မင်းကို မကူညီခဲ့ဘူး​ပေါ့?"

ပိုင်ဟဲ့သည် တော်တော်​လေး မခံမရပ်နိုင်ဖြစ်​နေပုံပေါ်ကာ

ဟုတ်ပါတယ်။ အရှင်မင်းကြီး တန်ဖိုးထားတဲ့ မိန်းမစိုးချုပ်က ပထမတန်းစားလူယုံ​တော်ပါ။ ကျန်းမယ်မယ်မိဖုရားက သူ့သစ္စာစောင့်သိမှုကို ရယူဖို့အတွက် ဒီအ​စေခံကို သူ့ဆီ ပေးခဲ့တာပါ။ ဒါပေမယ့် ဒီအ​စေခံက ဒီလိုမျိုး မနေနိုင်တော့ပါဘူး။ သူ့လက်ထဲမှာ သေရမှာထက် ဒီအ​စေခံက တရားမျှတမှုရဖို့ အသက်ကိုလည်းစွန့်နိုင်ပါတယ်!

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now