86.2.အမြဲလိုလိုသတိရှိ

3.1K 510 6
                                    

လီ​ရှောင်ရန်သည် အဲဒီညကအဖြစ်အပျက်ကို ဘယ်သူကိုမှထုတ်မပြောဖို့ အမိန့်ပေးခဲ့ပေမယ့် အစေခံတွေကြားမှာတော့ ပထမသခင်မသည် သူမရဲ့အိမ်တော်ဝင်းအတွင်းတွင် ခြောက်လှန့်​နေသည့်ဝိညာဉ်ဆိုးတွေကြောင့် အပြင်းအထန်ဖျားနာနေတယ်ဆိုတဲ့ ကောလဟာလတစ်ခုက စတင်ပျံ့နှံ့လာ​တော့တယ်။ ဒီလိုသဘာဝလွန်ကိစ္စရှင်းပြချက်မျိုးသည်အတင်းအဖျင်းတွေ အများကြီးကိုဖြစ်​ပေါ်​စေပြီး အမှန်တရားအတွက် ပြီးပြည့်စုံတဲ့ဖုံးကွယ်မှုတစ်ခုလည်း ဖြစ်လာ​စေသည်။ ပတ်ဝန်းကျင်မှာ အမှန်တရားကို သိတဲ့အ​စေခံများနှင့်အထိန်း​တော်များက ထုတ်မပြောရဲကြဘဲ အမှန်ကိုမသိတဲ့သူတွေက မှန်းဆချက်​တွေနဲ့ မီးထဲကိုလောင်စာဆီတွေထည့်ပေးကြသလိုပင်။

လီမင်တိက ထိုအ​ကြောင်းကိုလီ​ဝေ့ရန်အားပြောပြတဲ့အချိန်မှာ သူမရဲ့ငှက်တွေကို အစာကျွေးနေခြင်းဖြစ်သည်။ သူမက သူ့ကိုလှည့်ကြည့်လိုက်ပြီး

"ဘာပြောတယ်? ပထမသခင်မက သရဲပူးခံရတယ်လို့ သူတို့က ပြောနေကြတာလား?"

"ဟုတ်တယ်၊ ပထမဒေါ်ကြီးက ဆက်တိုက်ဆိုသလို ထင်​ယောင်ထင်မှား​တွေဖြစ်ပြီးသူမရဲ့အခန်းထဲမှာနေ့တိုင်းပုန်းနေရင်း အပြင်ထွက်ဖို့ ငြင်းဆိုနေတယ်တဲ့"

လီမင်တိသည် ရယ်ရမလိုငိုရမလိုဖြစ်​နေကာ လီ​ဝေ့ရန်၏အကြည့်ကိုပြန်ကြည့်ရင်း

"သူမကိုယ်သူမစကား​တွေပြောနေပြီး မ​ကောင်းဆိုးဝါးနှင်​ပေးဖို့နတ်ဆရာတစ်ပါးကို​တောင်းဆို​နေတယ်။ သမား​တော်ရောက်လာတုန်းကကျ တွေ့ဖို့ ငြင်းဆိုခဲ့တယ်။ သူမက ရူးသွပ်သွားတာထက်​ကျော်လွန်​နေပြီဖြစ်ရမယ်။ တကယ်လို့သူမက တကယ်ကြီးရူးသွပ်သွားတယ်ဆိုရင်လည်း ပဉ္စမအစ်မအတွက် ပြီးပြည့်စုံတဲ့အဖော်ရတာ​ပေါ့။ ဒါ​ပေမယ့် ရိုးရိုးသားသားပြောရရရင်​တော့ သူမက ကောင်းချီးခံစားနေရတုန်းပဲမလား။ ဒီ​လောက်​တောင် ဖြစ်ပျက်ခဲ့တာကို​တောင် သေခြင်းတရားကနေ လွတ်မြောက်နိုင်တုန်းဆို​တော့လည်း...”

လီ​ဝေ့ရန်က ပြုံးလိုက်ပြီး

"ဖေ​ဖေနဲ့သခင်မကြီးက သူမကိုဒီလိုမျိုးပေးသေမှာမဟုတ်ဘူး။ သူမသာ ရုတ်တရက် သေဆုံးသွားရင် ကျောင်းအိမ်​တော်က တို့တွေအိမ်တော်တံခါးကိုခေါက်ပြီး ရှင်းပြဖို့တောင်းဆိုလာတဲ့အခါ ဖေ​ဖေက ဘယ်လိုကိုင်တွယ်နိုင်မလဲ။ ဒါ​ကြောင့်သူမကို ဂရုစိုက်ပေးဖို့သမား​တော်တစ်​ယောက်ကို ခန့်အပ်​ပေးထားတာ​ပေါ့။ သူမက​ကောင်း​ကောင်းနေရမယ်။ ဆေးတွေသောက်ပြီး အနားယူရမယ်။ ဒါပေမယ့် သူမသေဖို့အလှည့်ရောက်လာမှသာလျှင် သူမကလွတ်မြောက်ရလိမ့်မယ်”

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now