85.1.ကုသိုလ်က အကုသိုလ်ထက်​ခြေတစ်လှမ်းသာ

3.2K 572 30
                                    

လီ​ဝေ့ရန်က ပထမသခင်မကို အေးတိ​အေးစက် ကြည့်နေကာ

"​မေမေ၊ ဒီအ​စေခံအိုကြီးရဲ့ စကားကို ယုံ​နေတာလား? ဟင်းချိုထဲမှာ အဆိပ်လုံးဝမရှိတာကို သူမက သမီးကိုလုပ်ကြံထားတာပါ..."

ပထမသခင်မက စားပွဲကိုရိုက်ချလိုက်ပြီး

"မင်း ဆင်ခြေတွေ ပေးဝံ့​သေးတယ်​ပေါ့​လေ! တစ်ယောက်ယောက်လာပြီး​တော့ တတိယသခင်မ​လေးကို ကြိုးနဲ့ချည်လိုက်ကြစမ်း။ မင်းကို ငါ ကောင်းကောင်း​လေးစစ်ဆေးမေးမြန်းရမယ်!"

အိမ်​တော်မိသားစုအကြီးအကဲကို အဆိပ်ခတ်ခြင်းသည် မိသားစုအ​နေဖြင့်အပြင်းထန်ဆုံးသောပြစ်ဒဏ်ချမှတ်ရန် လုံလောက်သည်ပင်။ လူကိုသေအောင်ရိုက်မည်ဆိုလျှင်ပင် အပြင်လူများက စကားများများစားစား ကူမပြောဝံ့နိုင်ကြပေ။ ထို့ကြောင့် ယနေ့တွင်လီ​ဝေ့ရန်တစ်​ယောက် ဤနေရာမှအသက်ရှင်ကျန်ရစ်ပြီးထွက်သွားမည်ကို တားဆီးရန်လိုအပ်သမျှ ပထမသခင်မကလုပ်ဆောင်မည်ဖြစ်သည်။

​ကျောက်ယွဲ့ကထွက်လာပြီး သူမသည် လီဝေ့ရန်၏ရှေ့သို့လှမ်းလာကာ အမူအရာကအေးစက်​နေသည်။

လီ​ဝေ့ရန်က လီ​ရှောင်ရန်ကိုကြည့်ပြီး

"​ဖေဖေ၊ အ​ဖေက သမီးကို ယုံကြည်မယ်လို့ ပြောခဲ့တယ်မလား"

​သေချာ​ပေါက် လီ​ရှောင်ရန်က လီ​​ဝေ့ရန်ဒီလိုလုပ်ရပ်မျိုးကို ကျူးလွန်မယ်လို့ မထင်ထားခဲ့ပေမယ့် အခုသက်သေအထောက်အထားတွေက သူမဘက်မှာ လုံးဝမရှိတဲ့အတွက် သူက

“ဝေ့ရန်၊ ဒီအဖေက မင်းဒီလိုမျိုးမလုပ်ဘူးလို့ယုံကြည်ပေမယ့် မင်းမှာအပြစ်မရှိ​ကြောင်းကို သက်သေပြရမယ်!"

ပထမသခင်မက အေးစက်စွာပြုံးလိုက်မိသည်။ လီ​ဝေ့ရန်က သူမကိုယ်သူမ အပြစ်ကင်းစင်ကြောင်း သက်သေပြချင်ရင်​တောင် မဖြစ်နိုင်တာထက်ပင် ပိုခက်ခဲတယ်မလား။ အထိန်း​​တော်တုသည် လူသက်သေဖြစ်ပြီး ငွေကပစ္စည်းသက်သေဖြစ်ကာ ပိုအရေးကြီးတာက လီ​ဝေ့ရန်ကဒီအ​ခြေအ​နေက​​နေလွတ်​မြောက်သွားနိုင်တယ်လို့ သူမကမထင်ပေ။ ကြိုးချည်ပြီးအရိုက်ခံရရင် ဘယ်သူကများခံနိုင်ရည်ရှိမှာလဲ အပြစ်ကို​သေချာပေါက် ဝန်ခံရမှာပဲ​လေ။

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now