35.မိတ်​ဆွေ​ဟောင်းဖြင့် ပြန်လည်ဆုံစည်းမိ

3.8K 471 17
                                    

နောက်တစ်နေ့တွင် လီဝေ့ရန်သည်ပုံမှန်လိုပင် ​သခင်မကြီးအားဂါရဝပြုရန်သွား​နေ့စဥ် မ​မျှော်လင့်ပဲလမ်းတစ်ဝက်တွင်ပင်ရပ်တန့်သွားရသည်။

"ဒါက တတိယဝမ်းကွဲညီမ​လေး မဟုတ်ဘူးလား"

စက်ြန်​လျှောက်လမ်း​ပေါ်က ကြားလိုက်ရ​သော အသံပင်။

မိန်းမပျို​လေးတစ်အုပ် ချဉ်းကပ်လာသည်ကိုမြင်သည်နှင့် ပိုင်ကျီ၏မျက်နှာအမူအရာမှာတည်တံ့သွားသည်။

လီဝေ့ရန်သည် ပိုင်ကျီကြည့်​နေ​သော​နေရာကိုကြည့်လိုက်မိ​တော့ မိန်းမပျိုအချို့က ခြေလှမ်းကျယ်များဖြင့် သူမဆီကိုလျှောက်လှမ်းလာသည်ကိုမြင်လိုက်ရသည်။ အုပ်စုကို ဦးဆောင်လာသူမှာမနေ့ကတွေ့ခဲ့ရသော ​ကောင်းမင်ပင်။ ​ကောင်းမင်သည် မျက်​မှောင်ကြုတ်လိုက်ပြီး

"လီ​ဝေ့ရန်"

​ကောင်းမင်သည် ဝေ့​ကောင်းသခင်မနှင့် ပိုချန်အမြို့စားမင်းအိမ်​တော်၏ အကြီးဆုံးသမီးဖြစ်သည်။ သူမသည်ကြီးမြတ်​သောဂုဏ်သတင်းနှင့် ကျော်ကြားသည့်အပြင်ဂီတနှင့်စာပေကို ကျွမ်းကျင်တတ်​မြောက်သူဖြစ်​သော​ကြောင့် မြို့​တော်တွင်လူသိများ​လေသည်။ မနေ့က သူမကလီ​ဝေ့ရန်ရဲ့နည်းပရိယာယ်တွေကိုကြုံ​တွေ့ခဲ့ရတာကြောင့် ဒီနေ့​တော့ သူမကလက်စားချေဖို့မစောင့်နိုင်တော့ဘူးဖြစ်​နေတယ်။

"လီ​ဝေ့ရန်၊ နင် မနေ့က ပျော်မြူးသွားတယ်​ပေါ့​လေ"

​ကောင်းမင်သည်အရပ်ရှည်ပြီး သူမက လီချန်းလဲ့ထက်ပင် အသက်တစ်လပိုကြီးသည်။ ထိုအချိန်တွင်သူမက လီ​ဝေ့ရန်ကိုငုံ့ကြည့်နေတယ်။

"ဝမ်းကွဲအစ်မမင် ​ပြောတဲ့စကားတွေရဲ့နောက်ကွယ်က ဘာအဓိပ္ပါယ်လဲဆိုတာကို ညီမ​ သေချာမသိနားမလည်ပါဘူး"

လီဝေ့ရန်သည် တည်တည်ငြိမ်ငြိမ်စကားပြောနေစဉ်ပင် သူမမျက်နှာကပန်း​သွေး​​ရောင်သန်း​နေသည်။

ဒီကောင်မက တကယ်ကိုမာနထောင်လွှားနေတာပဲ။ ​ကောင်းမင်၏မျက်လုံးထဲတွင် ဒေါသအရိပ်အ​ယောင်ကဖျတ်ခနဲ​ပေါ်လာသည်။

"ငါကနင့်ရဲ့ဝမ်းကွဲအစ်မဆိုတာကိုနင်သိရင် ငါ့ကိုဘာလို့အရိုအ​သေမ​ပေး​သေးတာလဲ"

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now